နှလုံးသွေး ကြောရောဂါ
24-Apr-2021
နှလုံးသွေးကြောရောဂါ
(Acute Coronary Syndrome) ပါ။ ဒီရောဂါရှင် လူနာတွေဟာ နှလုံးသွေးကြော ရောဂါရှိမှန်း
မသိကြဘဲ ရုတ်တရက် ရောဂါလက္ခဏာ ပြ တဲ့အခါ ပြင်းထန်မှုကို လိုက်ပြီးရုတ်တရက် နှလုံးဖောက်
ပြီးအသက်ဆုံးရှုံး တတ်ပါ တယ်။
ဒီအမျိုးအစားမှာ
"ST Elevation" ရောဂါရှင်ရဲ့ ECG ကိုကြည့်ရင် STလိုင်းမှာ ပုံမမှန်ဖြစ်နေတာ
တွေ့မယ်၊ နှလုံးသွေးကြောမှာ သွေးခဲပိတ်လို့ ရင်ဘတ်အောင့်တာနဲ့ လာတတ်ပြီး အသက်အန္တရာယ်
ဆုံးရှုံးရပါတယ်။ အချိန်မီ အသက်ကယ်တင်နိုင်ခြင်း မရှိပါ က နှလုံးကြွက်သားတွေ ကြီးစွာထိခိုက်ပျက်စီးကာ
လူနာသေဆုံး တတ်ပါ တယ်။
နောက်တစ်ခုကတော့
"Acute Non ST Inversion" လို့ခေါ်တဲ့ အသေးစား နှလုံးအမောဖောက် ခြင်းဖြစ်
တတ်ပြီး ရောဂါလက္ခဏာ တစ်ရပ်အနေနဲ့ ဖြစ်ပေါ်လာခြင်းပါ၊ ဖြစ်ဖြစ် ချင်းမကု သလည်းဘဲ အသက်ရှင်သန်နေနိုင်ပြီး
သိပ်မပြင်းထန်တဲ့ နှလုံးအမောဖောက်ချိန် မှာ မကုသဘဲထား လိုက်ရင်ပြင်းထန်တဲ့ နှလုံးအမောဖောက်ခြင်း
အဆင့်ကို ကူးပြောင်း ကာ အသက်သေဆုံးနိုင်ပါတယ်။ ဒီအမျိုးအစား နှစ်ခုလုံးဟာ Acute
Coronary Syndrome ထဲမှာပါဝင်ပါတယ်။
နောက်ရောဂါအုပ်စု
တစ်ခုကတော့ "Stable Ischaemic Heart Disease" ခေါ် တည်ငြိမ် နှလုံးသွေးကြောကျဉ်း
ရောဂါဖြစ်ပြီး လူနာဟာ နာကျင်မှုတစ်စုံတစ်ရာ မရှိဘဲ လုပ်နေကျ အလုပ်တွေနဲ့ အားကစားတွေကို
ပုံမှန်အတိုင်း လုပ်နိုင်ပါတယ်။ ဒီလူနာတွေ ဟာ မောပန်းနွမ်းနယ်လွယ်တာ၊အသက်ရှူကျပ်တာ၊
ပုံမှန်လုပ်နေကျ အလုပ်တွေကို လုပ်နိုင် စွမ်းကျလာတာ ကိုတွေ့ရပါတယ်။ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင်တော့
Stress test လုပ်တဲ့အခါ နှလုံးခုန်ပုံမှန် မဟုတ်တာကို တွေ့ရပါတယ်။
Stress
test လုပ်ကြည့် လို့ နှလုံးကြွက်သား ဧရိယာတော်တော် များများ ကို သွေးဖြန့်ဝေမှု အလုံအလောက်
မရောက်ရှိတာကို တွေ့ရတဲ့အခါမျိုးလည်း ရှိပါ တယ်။ ဒီနေရာမှာ Angiogram ရိုက်တာနဲ့
stent Procedure ကပိုအကျိုးရှိစေပါတယ်။ ဒါကတော့ Stable & Unstable ဆိုတဲ့ တည်ငြိမ်နှလုံး
သွေးကြောကျဉ်းရောဂါနဲ့ မတည်ငြိမ်နှလုံးသွေး ကြောကျဉ်းရောဂါ ဆိုတဲ့အဓိကထားကုရတဲ့ နှလုံးရောဂါကြီးတွေ
ပဲ ဖြစ်ပါတယ်။
Credit : ဇီဝက
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

