ခြေ၊ လက် သွေးကြောကျဉ်းခြင်းကို ကုသပေးနိုင်ဖို့
15-Feb-2021
ခြေ၊ လက်များ
တွင် ဖြစ်တတ်သော သွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါကို ကုသရာမှာ Stem Cells မှရသော အဆီကို
အသုံးပြုနိုင်ကြောင်း လေ့လာချက်များအရ တွေ့ရှိခဲ့ရပါတယ်။ Stem Cells မှရတဲ့ အဆီမှာ
Cytokines နဲ့ Growth Factor တွေ ပါဝင်ပြီး သွေးကြောတွေရဲ့ ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုကာ
ခြေထောက်သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းကိုသက်သာ လျော့ပါးစေတာကြောင့် ခြေထောက်သွေးကြောကျဉ်း၊
သွေးကြောပိတ်ရောဂါများကို ကုသရာမှာ အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ပြီး လက်တွေ့ အသုံးပြု ကြည့်ရာမှာ ဘေးအန္တရာယ်ကင်း၍ ထိရောက်မှုရှိတာကိုလည်း တွေ့ရှိခဲ့ တာကြောင့် ခြေထောက်သွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါရှင်များအတွက် သတင်းကောင်းတစ်လက် ဖြစ်ပါတယ်။
Credit : Ziwaka magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

