Print

ရင်သားဖွံ့ဖြိုးလှပလိုလျှင်

  30-Dec-2020
Preview Image

မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်လှပမှုမှာ ရင်သားဖွံ့ဖြိုးလှပတာကလည်း အလှတရားတစ်ခုပါပဲ။

(၁) ငါးကြီးဆီစားပါ

ငါးကြီးဆီက ရင်သားကို သဘာဝအတိုင်း ကြီးထွားစေတယ်လို့ လေ့လာမှုအသစ်မှာ
တွေ့ရှိခဲ့ပါတယ်။

(၂) ရင်သားကို ညင်သာစွာနှိပ်နယ်ပေးပါ

ရင်သားကို ညင်သာစွာ နှိပ်နယ်ပေးတာက ပြန်ရည်ကြောစီးဆင်းမှုကို ကောင်းမွန်စေလို့ ရင်သားကျန်းမာစေပြီး ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ကနေဒါနိုင်ငံမှာ အမျိုးသမီးတွေဟာ ရင်သားနှိပ်နယ်မှုကို ပုံမှန်ပြုလုပ်တတ်ကြပါတယ်။

(၃) ကြက်သွန်နီကို အသုံးပြုပါ

ကြက်သွန်နီကို ရင်သားကြီးထွား ဖွံ့ဖြိုးစေဖို့ အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီကို မညက်တညက်ထောင်းပြီး အရည်ကို ရယုူပါ။ ပျားရည်၊ နနွင်းမှုန့် အနည်းငယ်နဲ့ ရောပြီး ရင်သားကို လိမ်းပေးကာ ညင်သာစွာ နှိပ်နယ်ပေးပါ။

(၄) ဖြည့်စွက်ဆေးသောက်ပါ

သဘာဝက ရရှိတဲ့ ရင်သားတင်းရင်းစေတဲ့ ဖြည့်စွက်ဆေးဝါးတချို့ကို သောက်သုံးနိုင်
ပါတယ်။ ရင်သားတင်းရင်းစေ ဆေးတွေက အီစထရိုဂျင် အာနိသင်ရှိပြီး ရေဆွဲအားများလို့ ရင်သားအရွယ်အစားကို ကြီးမားစေပါတယ်။

(၅) ရင်သားဖွံ့ဖြိုးစေသော လေ့ကျင့်ခန်းလုပ်ပါ။

ရင်အုပ်ပိုင်းကြွက်သားတွေ သန်မာစေဖို့ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ရင်သားဖွံ့ဖြိုးပြီး
တင်းရင်းစေတဲ့အပြင် ရင်သားလှပမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။


Credit  : အလင်း (ဆေးဝါး)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18