Print

HIV ပိုးဝင်တဲ့ လက္ခဏာများ

  14-Dec-2020
Preview Image

ဒါက အဆင့် (Stage) ပေါ် မူတည်ပါတယ်။ HIV ပိုးဝင်ဝင်ချင်းမှာတော့ လက္ခဏာ မပြတတ်ပါဘူး။ ပြရင် တုပ်ကွေးလို ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။ HIV ပိုးက ရောဂါ လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ နေနေတတ်ပါတယ်။ တစ်ခါတစ်လေ AIDS အဆင့်ရောက်မှ သိရတာမျိုးတွေ ရှိတတ်ပါတယ်။

HIV ပိုးဝင်တဲ့ လက္ခဏာတွေကို နှစ်မျိုး ခွဲခြားထားပါတယ်။ တစ်မျိုးကတော့ ဆရာဝန်တွေမှ သိတဲ့ လက္ခဏာတွေ အဲဒါကို အဆင့် တစ်၊ နှစ်၊ သုံး ခွဲခြားထားပါတယ်။ နောက်တစ်မျိုး ကတော့ လူတွေ အလွယ်တကူ သိနိုင်မယ့် နည်းတွေဖြစ်ပြီး အချက် သုံးချက်နဲ့ ကိုက်ညီရင် HIV ပိုးရှိပြီလို့ ဆိုနိုင်ပါတယ်။ နံပါတ်တစ်က သွေးစစ်ကြည့်ရင် HIV Positive ဖြစ်ရ ပါမယ်။ နောက်တော့ အဓိက Major လက္ခဏာ သုံးခုအနက် နှစ်ခုနဲ့ Minor လက္ခဏာခြောက်ခုထဲက တစ်ခုရှိရင် HIV ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

အဓိက လက္ခဏာ သုံးခုက တစ်လလောက် ဖျားတာ၊ ကိုယ်အလေးချိန် လျော့ကျတာ (တစ်လအတွင်း ၁၀ ရာခိုင်နှုန်းကျတာ)၊ ဝမ်းလျှောတာတို့ဖြစ်ကြပြီး Minor လက္ခဏာတွေ က ချောင်းဆိုးတာ တစ်လကျော်ကြာတာ၊ လည်မျိုနဲ့ အစာမျိုပြွန်ထဲ မှိုဝင်တာ၊ မှက္ခရုပေါက်တာ၊ ရေယုန် ပေါက်တာ (ခါးပတ်ရေယုန် ခဏခဏဖြစ်တယ်၊ သာမန် ရေယုန် ခဏခဏနဲ့ အများကြီးဖြစ်တယ်)၊ တစ်ကိုယ်လုံး နီးပါး အကျိတ်ပေါက်တာ၊ အရေပြားမှာ နာတာရှည် ယားနာ ဖြစ်တာတို့ ဖြစ်ကြပါတယ်။


Credit : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18