Print

တက်ဖျား၊ ကျဖျား

  03-Dec-2020
Preview Image

ရောဂါပိုးရှိသော နွား၊ ဆိတ်နှင့် သိုးတို့ကို ကိုင်တွယ်မိခြင်းနှင့် ၎င်းတို့၏ နို့ ကို သောက် သုံးခြင်းကြောင့် ဖြစ်ပွားရသော ကူးစက်ရောဂါတစ်ခုပင်ဖြစ်သည်။ တိရစ္ဆာန် တို့၏ နို့ကိုပိုးမသတ်ဘဲ သောက်သုံးကြသော ကမ္ဘာပေါ်ရှိ နေရာဒေသ အတော်များ များတွင် ဖြစ်ပွားလေ့ရှိသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ လယ်ယာလုပ်ကိုင် သူများ တွင်လည်း တစ်ခါတစ်ရံ ဖြစ်ပွားကြသည်။

ရောဂါလက္ခဏာများအနေဖြင့် ကြာရှည်စွာ နုံးချိနေခြင်း၊ အဖျားငုပ်လိုက် ပေါ် လိုက်ဖြစ်ခြင်း၊ ကိုက်ခဲခြင်းတို့ ရှိကြ၏။ ထိုလက္ခဏာများမှာ အခြားရောဂါများနှင့် သဲသဲကွဲကွဲ မရှိသဖြင့် ရောဂါရှာမတွေ့နိုင်သော ကြာရှည်အဖျား မကျသော အခြေအနေများတွင်မှ ထည့်သွင်းစဉ်းစားကြသည်။ ထို့ကြောင့် အပန်းဖြေခရီးထွက်သောအခါများ တောရွာများသို့ သွားသောအခါများတွင် ပိုးမသတ်ထားသော နို့ကို မသောက်သုံးသင့်ပါ။ မွေးမြူးထားသော တိရစ္ဆာန်များတွင်လည်း ဤရောဂါပိုးရှိမရှိကို ဆရာဝန်ပြသပြီး စစ်ဆေးသင့်ပါသည်။ သက်ဆိုင်ရာ ပဋိဇီဝဆေးများ (၂) ပတ် (၃) ပတ်မျှ ပေးခြင်းဖြင့် ကုသပေးနိုင်ပါသည်။


Credit : ဒေါက်တာမေမိုးနွယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18