Print

မိတ်ထွက်ခြင်း

  28-Nov-2020
Preview Image

ချွေးဂလင်းများ ပိတ်ဆို့ခြင်းကြောင့် အရေပြားတွင် ရုတ်တရက်ရောင်ရမ်း ယားယံသော အဖု ကလေးများဖြစ်လာခြင်းဖြစ်သည်။ ပူအိုက်စိုထိုင်းသောရာသီ တွင်ဖြစ်တတ်ပါသည်။

ဖြစ်ရသောအကြောင်းရင်းနှင့်ဖြစ်စဉ်

အရေးပြားရှိ (keratin plugs)များကချွေးထွက်များကို ပိတ်ဆို့ခြင်းကြောင့်ဖြစ်
သည်။ ချွေးထွက်လာသောအခါ ချွေးထွက်ပြွန်သည်ပေါက်ကွဲပြီး ထွက်လာသော ချွေး ကအရေပြားတွင် မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖု ကလေးဖြစ်စေသည်။ Staphylococci bacteria ပိုးက ထပ်မံကူးစက်မှုဖြစ်ပွားစေပါသည်။

အကယ်၍ပိတ်ဆို့မှုသည် အပေါ်ယံတွင်သာဖြစ်ပွားပြီး သေးငယ်သော မီးလောင်ဖု ကဲ့သို့အနာများဖြစ်သွားပါက MiliariaCrystallina ဟုခေါ်သည်။ အတွင်းကျသောနေရာ
တွင် ရောင်ရမ်းမှုဖြစ်ပွားပါက Miliaria Rubra ဟုခေါ်ပါသည်။

ရောဂါလက္ခဏာများ


ကိုယ်ပေါ်နှင့်ဒူးခေါင်းခွက်၊ တံတောင့်ခွက်တို ့တွင် အနီရောင်အရည်ကြည်ဖု ကလေးများသည် အင်ပြင်သဖွယ်ပေါ်ထွက်လာခြင်း။

- အလွန်ယားယံခြင်း။
- အပူချိန်ပေါ်မှုတည်၍ကွဲပြားခြးနားမှုရှိခြင်း။
- အသားရေ များကြမ်းတမ်းခြင်း။
- အရေပြားပူစပ်ပူလောင်ဖြစ်ခြင်း။

ကုသမှု

၁။ ချွေးထွက်ခြင်းကိုလျော့နည်းအောင် အားစိုက်လှုပ်ရှားခြင်းနှင့် အဝတ်ထူထူဝတ်ခြင်း
ကိုရှောင်ကြဉ်ပါ။

၂။ လေအေးစက်ရှိသောအခန်းတွင်နေပါ။ (သို့)ခြောက်သွေ ့၍အေးသောလေနှင့် ထိတွေ့စေပါ။

၃။ Corticosteroid lotions ( တခါတရံဝ.၂၅/ံ့ မင်သော်) လိမ်းပေးပါက သက်သာ
စေပါသည်။

၄။ Vitamin- C ကို သောက်ပေးနိုင်ပါသည်။

၅။ ခန္ဓာကိုယ်မှ အပူအလွန်မင်း ထုတ်လုပ်ခြင်းကိုကာကွယ်ရန် protein(အသားဓာတ်)
အပူအစပ် ၊ဟင်းခပ်အမွှေးအကြိုင်များ စားသုံးခြင်းနှင့် ဓာတု အဝတ်အထည်များ
( Synth-etic clothing)ဝတ်ဆင်ခြင်းမှရှောင်ပါ။

၆။ ညွှန်ကြားချက်မရှိသော လိမ်းဆေး လူးဆေးများသုံးစွဲခြင်းမှရှောင်ပါ။

၇။ ရေအေးပတ်အုပ်ပေးနိုင်ပါသည်။ သနပ်ခါးအေးအေးလေး လူးပေးနိုင်ပါသည်။

၈။ ကျန်းမာရေးဌာန မှထုတ်ပြန်သော အပူ ဒဏ်ကာကွယ်ရေးနှိုးဆော်ချက်ကိုလိုက်
နာပါ။


Credit : ကျန်းမာရေးအတွက် ဆေးတစ်ခွက်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18