ဗီတာမင် D
11-Sep-2017
ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီချို့တဲ့ရင် ကလေးတွေမှာ Rickets လို့ခေါ်တဲ့ အရိုးပျော့ရောဂါ၊ လူကြီးတွေမှာ Osteomalacia လို့ခေါ်တဲ့ အရိုးပျော့ရောဂါ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီကို အလုံအလောက်ရရှိခြင်းအားဖြင့် အရိုးကျိုးတဲ့ အန္တရာယ် နည်းသွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးနဲ့ အာဟာရ အခြေအနေစစ်ဆေးမှုသုတေသန National Health and Nutrition Examination (NHANE) အရ အမေရိကန်တွေဟာ အစားအသောက်မှရရှိတဲ့ ဗီတာမင်ဒီပမာဏဟာ ပညာရှင်တွေ ထောက်ခံထားတဲ့ ပမာဏထက် နည်းပေမဲ့ ၈၀ ရာခိုင်နှုန်းသော လူတွေရဲ့ သွေးထဲမှာ ဗီတာမင်ဒီဟာ ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာအတွင်း ရှိနေကြောင်း တွေ့ရပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ရဲ့စွမ်းအင်နဲ့ လူ့အရေပြားမှာ အလုံအလောက်ထုတ်လုပ်နိုင်တဲ့ ထူးခြားမှုကြောင့် ဖြစ်ပါတယ်။
ဗီတာမင်ဒီ အများဆုံးပါကြတဲ့ အစားအသောက် တွေကတော့ အာဟာရ တမင်ဖြည့် ထားတဲ့ အစားအစာ (Fortified Foods) တွေ ဖြစ်ပါတယ်။ ဒီထဲမှာ နို့နှင့်ဒိန်ချဉ်က ထိပ်ဆုံးမှာ ပါ၀င်နေ ပါတယ်။ နံနက်စာကောက်နှံ (Breakfast Cereals) တွေ၊ မာဂျရင်း၊ လိမ္မော်ရည်၊ ပဲပုပ်ရည် (Soy Beverages) တို့မှာလည်း ဗီတာမင်ဒီ ဖြည့်ထား တတ်ပါတယ်။ ဆယ်လမွန်ငါး၊ ပင်လယ်ငါးသလောက်၊ ငါးကွမ်းရှပ် စတဲ့ ပင်လယ် ငါးတွေဟာ ဗီတာမင်ဒီကြွယ်ဝတဲ့ သဘာဝအစားအစာတွေဖြစ်ပြီး ကြက် (ဘဲ) ဥအနှစ် (Egg Yolk) မှာလည်း အနည်းငယ် ပါ၀င်ပါတယ်။ ဗီတာမင်စုံ ဆေးပြားတွေထဲမှာလည်း ဗီတာမင်ဒီ ပါလေ့ရှိပါတယ်။ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်ချက်ဟာ ကလေးတွေနှင့် လူရွယ် လူလတ်ပိုင်းအတွက် ယူနစ် ၆၀၀ (၁၅ မိုက်ခရို ဂရမ်) ခန့်ဖြစ်ပြီး သက်ကြီး ရွယ်အိုတွေအတွက် ယူနစ် ၈၀၀ (၂၀ မိုက်ခရိုဂရမ်) ခန့် ဖြစ်ပါတယ်။ တစ်နေ့ ယူနစ် ၄၀၀၀ (၁၀၀ မိုက်ခရိုဂရမ်) ထက် ပိုပြီး ရနေမယ်ဆိုရင်တော့ ဗီတာမင်ဒီ လွန်ကဲမှု (Hyopervitaminosis D) ဖြစ်ပြီး ဆိုးကျိုးတွေ ရနိုင်ပါတယ်။
Credit:
ဒေါက်တာလှကြည်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
