လည်ချောင်းနာခြင်း
05-Aug-2017
လည်ချောင်းနာခြင်း ဆိုတာ လည်ချောင်းထဲမှာနာကျင်နေခြင်း၊ အစားမျိုချရခက်ခဲခြင်း၊ အသံဝင်ခြင်း စသည်တို့ခံစားရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ သာမန် အခြေအနေတစ်ခုလို့ ဆိုနိုင်ပေမယ့် အလုပ်အကိုင်ပျက်စေပါတယ်။
လည်ချောင်းနာခြင်းဟာ
၁။ Viral infection - ဗိုင်းရက်စ်ပိုးတစ်ခုခု ကူးစက်ဝင်ရောက်ခြင်း
၂။ Bacteria Infection - Streptococcus Pyogenic Bacteria ခေါ် ဘက်တီးရီးယားပိုး အပါအဝင် ပိုးတွေကြောင့် လည်ချောင်းရောင်ရမ်း ဖြစ်စေတတ်ပါတယ်။
၃။ Environmental Factors - ပတ်ဝန်းကျင် အခြေအနေတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု ကားအိပ်ဇောပိုက်တွေကထွက်တဲ့ အငွေ့တွေ၊ စက်ရုံတွေကထွက်တဲ့ အငွေ့တွေ၊ အမှုန်အမွှားတွေ၊ ဆေးလိပ်ငွေ့တွေ၊ ခွေး၊ကြောင် စတဲ့ အကောင်တွေက ထွက်တဲ့ အမှုန်းတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေ သွားမိရာက အလုံးစုံသော အငွေ့တွေ၊ ခြောက်သွေ့နေတဲ့ လေကို ရှူရှိုက်ရမငတွေ စသည်တို့ကြာင့် လည်ချောင်းရောင်ရမ်းလာတတ်ပါသည်။
၄။ Gastroesophageal reflux disease (GERD) ခေါ် အစာအိမ်၊ အစာမျိုပြွန်တို့ မှတစ်ဆင့် အစာများနဲ့ အစာချေရည်များလည်ချောင်းထဲသို့ ပြောင်းပြန်စီးဝင်ခြင်း ဖြစ်စဉ်ကြောင့်လည်းလည်ချောင်းနာ တတ်ပါတယ်
၅။ အခြားအကြောင်းများ - HIV/ AIDS ဖြစ်ပွားမှု လည်ချောင်းကင်ဆာဖြစ်ပွားမှုတို့မှာလည်း တွေ့နိုင်ပါသည်။
ဆရာဝန်နှင့်ပြသခြင်း
- အသက်ရှူကျပ်လာခြင်း၊ အဆစ်တွေနာလာခြင်း၊ ကိုယ်မှာအကွက်တွေ ပေါ်လာခြင်း၊ ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုပူလာခြင်း၊ အစာမျိုလို့ အတော်ခတ်လာခြင်း၊ လည်ချောင်းထဲက သွေးနဲ့ချွဲထွက်လာခြင်း၊ အသံဝင်တာ နှစ်ပတ်ကျော်ခြင်း၊ လည်ချောင်းမှာအကျိတ်တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ပြသဖို့လိုအပ်ပါတယ်။
ကုသနည်း
- ရေနွေး - ဆားဖျော်ရည်နွေးနွေးလေးငုံပေးပါ။
- အရည်၊ ရေများများသောက်ပါ။ စွပ်ပြုတ်၊ ရိုးရိုးရေသောက်ပါ။
- မိမိပတ်ဝန်းကျင်မှာ မိမိနှင့် မတည့်တဲ့ အငွေ့ အမှုန် များကိုဖယ်ရှားပါ။
- Throat Lozenges ခေါ် လည်ချောင်းရောင်ရမ်းခြင်းကို ထိရောက်စွာနှိမ်နင်း နိုင်တဲ့ ငုံဆေးတစ်ခုခု ငုံပေးပါ။
- ကိုက်ခဲမှုများအတွက် အကိုက်အခဲပျောက်ဆေးသောက်ပေးပါ။
ကာကွယ်နည်း
- တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။
- လူစုလူဝေးများသောနေရာများကို ရှောင်ပါ။
- လေထု ညစ်ညမ်းမှုရှိသော နေရာများကို ရှောင်ပါ။
- ဆေးလိပ်၊ စီးကရက်၊ အရက်၊ ကွမ်းစားသောက်ခြင်းများရှောင်ပါ။
- ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု မှန်မှန်လုပ်ပါ။ အာဟာရပြည့်စွာစားသုံးပါ။
- ရေခဲရေ၊ ရေခဲစားတတ်ခြင်းများရှောင်ပါ။
Credit ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
