ကြို ့ထိုးခြင်းများအတွက် ဆေးမြီးတို (Hiccups)
31-Jul-2017
၁။မဂ္ဂနီဆီယမ်ဆောင်ထားပါ
ရုတ်တရက်ကြို ့ထိုးတတ်တဲ့ အခါမှာ အသက်ခဏအောင့်ပြီး ရေသောက်ပေးပါ။ ဒါမှမဟုတ် အခြားရိုးရှင်းတဲ့နည်းနဲ ့ ဖြေရှင်းနိုင်ပါတယ်။ အစာအိမ်အက်ဆစ်ဓာတ်များခြင်းကို သက်သာစေတဲ့ မဂ္ဂဆီယမ်ပါဝင်တဲ့ဆေးကို သောက်နိုင်ပါတယ်။
၂။ပျားရည်ရဲ ့အစွမ်း
ကြို ့ထိုးတဲ့အချိ်န်မှာ နေအိမ်မှာ အရံသင့်ရှိတဲ့ ဆေးဘက်ဝင်ပျားရည်တစ်ဇွန်းကို စားပေးပါ။ပါးစပ်မှာချိုမြနေပေမယ့်ကြို ့ထိုးနေတာကို ရပ်တန် ့ပေးနိုင်စွမ်းရှိပါတယ်။
၃။စူးရှတဲ့အချဉ်အရသာ
အထက်ပါနည်းအတိုင်းပဲ ပါးစပ်နဲ ့ အပြည့် ပျားရည်တစ်ဇွန်း ဒါမှမဟုတ် သကြားတစ်ဇွန်းစားခြင်းဖြင့် ကြို ့ထိုးတာသက်သာအောင် ပြုလုပ်ပါ။ တစ်ဆက်တည်းမှာပဲ ချဉ်စူးတဲ့ အရသာဖြစ်အောင် သံပုရာသီးစိတ် သို ့မဟုတ် ရှောက်သီးစိတ်ကို လျှာဖြင့် စုပ်ပေးပါ။ ဒါမှမဟုတ် သင်္ဘောသီးဖျော်ရည် အေးအေးတစ်ခွက်ဆင့်သောက်ပေးပါ။
၄။ဆေးဖက်ဝင် ချင်းမြစ်
ကြို ့ထိုးတတ်တဲ့သူတွေ ချင်းမြစ်အနည်းငယ်ကို ပါးစပ်ထဲမှာ ငုံထားပြီး အရည်ကို စုပ်ပေးပါ။ ချင်းရဲ ့စပ်ရှိန်းရှိ်န်း အရသာကို နှစ်သက်သူတွေကတော့ ချင်းပြုတ်ရည် သောက်ပေးနိုင်ပါတယ်။
၅။အချိူဓာတ်ပေးပါ
သကြားတစ်ဇွန်းကို ရေအနည်းငယ်နဲ ့ရောပြီး အချိုရည်ကို စုပ်စားပေးပါ။ အကယ်၍ ချိုလွန်းတယ်လို ့ထင်ရင် သံပုရာသီးတစ်စိတ် ထည့်စားနိုင်ပါတယ်။
၆။ရှာလကာရည်
ကြို ့ထိုးတဲ့အချိန်မှာ ရှာလကာရည်အဖြူ အနည်းငယ်သောက်ပေးပါက သက်သာစေပါတယ်။ဒိအပြင် ကြက်သွန်နီကို ရှာလကာရည်နဲ ့စိမ်ထားတဲ့ အရည်ကိုပါ သုံးစွဲနိုင်ပါတယ်။
၇။ကြို ့ထိုးခြင်းကို ရပ်တန် ့စေမယ့် ရေခဲရေ
ရေခဲရေအေးအေးလေးထဲမှာ ရေခဲတုံးထည့်ပြီး သောက်ပေးပါ။ အအေးဓာတ် ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားတာနဲ ့ ကြို ့ထိုးတာကို ရပ်တန် ့စေပါတယ်။ရေခဲအိတ်ကိုလည်း ကုပ်မှာကပ်ပေးပါ။ ပြီးရင် အသက်ကို ခဏပြင်းပြင်းအောင့်ထားရုံနဲ ့ ကြို ့ထိုးတာကို သက်သာစေပါတယ်။
ကောက်နုတ်ချက်- Wellness မဂ္ဂဇင်း၊သြဂုတ်လ ၂၀၁၅
နန်းအိမ့်ခမ်း (အစာမကြေဖြစ်ခြင်းများအတွက် သဘာဝ ဆေးမြီးတိုများ-စာမျက်နှာ ၃၃-၃၄)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
