Print

သက်ကြီးအမြင်မှုန်ဝါးခြင်း မဖြစ်စေရန်

  04-Jun-2017
Preview Image

သက်ကြီးအမြင်မှုန်ဝါခြင်း မဖြစ်ရလေအောင် အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်ပါ။


နေကာမျက်မှန် တပ်ပါ

 နေရောင်ခြည်မှာ ပါတဲ့ခရမ်းလွန်ရောင်ခြည်က မျက်စိအတွင်းတိမ်နှင့် သက်ကြီးအမြင်မှုန်ဝါးမှုကို ဖြစ်ပွားနိုင်ခြေ များစေပါတယ်။ ဒါကြောင့် မျက်စိကို နေရောင်ခြည်မထိအောင်  ကာကွယ်ဖို့ နေရောင်ကာနိုင်စွမ်း ကောင်းမွန်တဲ့ နေကာမျက်မှန် တပ်ဆင်ဖို့ လိုပါတယ်။ 


အိပ်ရေးဝ၀ အိပ်ပါ

 အိပ်ရေးပျက်များတာက မျက်လုံးကို ထိခိုက်စေပါတယ်။ မျက်လုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့ တစ်နေ့ကို ၈ နာရီ အိပ်စက်အနားယူသင့်ပါတယ်။ 


ဆေးလိပ်ဖြတ်ပါ

 ဆေးလိပ်သောက်တာက မျက်စိထဲ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး မျက်စိထဲမှာ အဆိပ်အတောက်တွေ စုစေလို့ မျက်စိရောဂါတွေကို ဖြစ်စေပါတယ်။


မျက်စိကို အနားပေးပါ

 အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့မှာ တီဗီ၊ ကွန်ပျူတာနဲ့ ဖုန်းစတဲ့ စက်ခရင် (Screen) တွေ ကြည့်ချိန် ၉ နာရီလောက်ရှိပါတယ်။ အဲ့ဒီလိုပြုမူမှုတွေကြောင့် အမေရိကန်မှာ အရွယ်ရောက်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဒီဂျစ်တယ်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ မျက်စိဝေဒနာကို ခံစားနေကြရပါတယ်။ ဒါကြောင့် စက်ခရင်တွေကို ၁၀-၃၀ မိနစ်ကြည့်ပြီးတိုင်း မျက်စိကို ၁၀ စက္ကန့် အနားပေးပါ။


Credit:

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Arogyam magazine



Related Articles


Advertisment 18