Vitamin B12 deficiency (ဗီတာမင် ဘီ ၁၂ ချို့တဲ့ခြင်း)
02-Apr-2017
အစာအိမ်နှင့် အူသိမ်ရောဂါများကြောင့် ဗီတာမင် ဘီ ၁၂ ကို အူမှ စုပ်မယူနိုင်ခြင်းသည် ဗီတာမင် ဘီ ၁၂ ချို့တဲ့ရသည့် အဓိက အကြောင်းရင်းဖြစ်ပါသည်။
အစာအိမ်နံရံမှ intrinsic factor မထုတ်လုပ်နိုင်ခြင်းကြောင့် ဗီတာမင် ၁၂ စုပ်မယူနိုင်သူများသည် pernicious anaemia ခေါ် သွေးအားနည်းရောဂါကို ခံစားကြရပါသည်။ ဤရောဂါကို အသက်ကြီးသူများတွင် ပို၍တွေ့ရ၏။
အစာအိမ်နံရံရှိ Parietal cell ခေါ် ကလာပ်စည်းများနှင့် Intrinsic factor ကို ဆန့်ကျင်သည့် ပဋိပစ္စည်းများရှိနေခြင်းသည် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သည်ဟု ယူဆရပါသည်။
ရောဂါတစ်မျိုးမျိုးကြောင့် အစာအိမ်တစ်ခုလုံးကိုသော်လည်းကောင်း ၊ တစ်ခုလုံးနီးပါးကိုသော်လည်းကောင်း ခွဲစိတ်ဖြတ်တောက် ကုသခံထားသူများတွင် Intrinsic factor မရှိသဖြင့် ဗီတာမင်ဘ ီ၁၂ ကို စုပ်မယူနိုင်သဖြင့်လည်း ချို့တဲ့မှုဖြစ်နိုင်ပါသည်။
အူသိမ်တွင် (Chron disease) ခေါ် ရောဂါဖြစ်နေသူများ၊ အူသိမ်ကို ခွဲစိတ်ဖြတ်တောက် ကုသခံယူထားသူများသည ် ဗီတာမင်ဘ ီ၁၂ ကို စုပ်မယူနိုင်သဖြင့် ချို့တဲ့မှု ဖြစ်နိုင်ပါသည်။ ထိုသူများအား ဗီတာမင် ဘီ ၁၂ ကို ထိုးဆေးအဖြစ် ပေးရန်လိုအပ်ပါသည်။
ဗီတာမင် ဘီ ၁၂ ချို့တဲ့လျှင် ပင်ပန်းနွမ်းနယ်ခြင်း၊ နုံးခြင်း ၊ သွေးအားနည်းခြင်း ၊ လျှာရောင်ပြီး ကြီးလာခြင်း၊ ခြေ လက်များ ထုံကျင်ခြင်း၊ မူးဝေခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ ရင်တုန်ခြင်း၊ ဝမ်းမမှန်တတ်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်းတို့ ခံစားရနိုင်ပါသည်။
အသီးအရွက်သက်သက်စားပြီး တိရစ္ဆာန်ထွက်အစားအစာများကို လုံးဝမစားသူများတွင် ဗီတာမင်ဘ ီ၁၂ ချို့တဲ့နိုင်ပါသည်။ နှစ်ပေါင်းများစွာ အသား၊ ဥ ၊ နို့ လုံးဝမပါဘဲ သက်သတ်လွတ်စားသူ အမျိုးသမီးတစ်ယောက်သည် မျက်စိအာရုံကြောပျက်ခြင်း (Optic atrophy ) ကြောင့် မျက်စိကွယ်သွားဖူးကြောင်း မှတ်တမ်းရှိပါသည်။
သက်သတ်လွတ်စားသူများသည် ဗီတာမင် ဘီ ၁၂ ပါဝင်သည် ဆေးဝါး (Suppplement) များကို ပါးစပ်မှ စားသုံးမှီဝဲရန် လိုအပ်ပါသည်။
Credit : Dr.May Thu
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
