Print

လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောကြရအောင်

  01-Mar-2017
Preview Image

အရေးပါသော အချိန်အခါ မျိုးမှာ လက်ကိုဆပ်ပြာဖြင့် ဆေးကြောပါ။

- အိမ်သာတက်ပြီးချိန်၊ 

- ကလေးငယ် အညစ်အကြေးစွန့်၍ သန့်ရှင်းရေး လုပ်ပေးပြီးချိန်

- အစားအစာကို ပြင်ဆင်ချက်ပြုတ်မှု မပြုမီအချိန် 

- ကလေးငယ်ကို အစာမကျွေးမီအချိန်

- အစာမစားမီအချိန် 

 

လက်ဆေးခြင်း၏ အကျိုးကျေးဇူးများ
အိမ်သာတက်ပြီး ဆပ်ပြာဖြင့် လက်ဆေးခြင်းကြောင့် လက်တွင်ကပ်ပါလာသောရောဂါပိုးများ ကို ဆေးကြောပစ်နိုင်သည့်အပြင် အခြားသူများကိုပါ ရောဂါမကူးစက်နိုင်အောင် ကာကွယ်နိုင်ပါသည်။ ဆပ်ပြာဖြင့် လက်ဆေးပြီးမှ အစာခွံ့ကျွေးမွေးခြင်းဖြင့် ကလေးထံသို့ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။သောက်ရေ၊ သုံးရေခပ်လျှင်မခပ်မီလက်ကို စင်ကြယ်အောင် ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ရေမှတစ်ဆင့်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါသည်။ ထမင်းနှင့် အစားအစာများ မစားမီ ဆပ်ပြာနှင့် လက်ဆေးခြင်းဖြင့် သန်ဥနှင့် ရောဂါပိုးများ ကင်းစင်စေနိုင်ပါသည်။ 


Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)



Related Articles


Advertisment 18