ဆီးဆေး ပြဿနာ
01-Mar-2017
အခေါ်အဝေါ်ကြောင့် မှားယွင်းစွာ သဘောပေါက်တတ်သည့် အယူအဆမှားတစ်ခုကို တင်ပြလိုပါသည်။ ဆီးပမာဏများစေသော ဆေးကို ဆီးဆေးဟုခေါ်တတ်ကြပါသည်။ အမှန်စင်စစ် ဆီးဆေးဟုခေါ်သော Diuretics များမှာ ခန္ဓာကိုယ်မှ ပိုလျှံသော ရေများဖယ်ရှားရန်အတွက်ဖြစ်သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဖောရောင်ခြင်း စသည်တို့အတွက် သုံးပါသည်။ ဆီးကျဉ်ခြင်းမှာ အများအားဖြင့် ဆီးလမ်းကြောင်း၌ ရောဂါပိုးဝင်ရောက် ကူးစက်ခံရမှုကြောင့် ဖြစ်တတ်ပါသည်။ ဆီးကျဉ်ခြင်းကို ဆီးသွားများစေသော ဆီးဆေးများ Diuretics က သက်သာပျောက်ကင်းစေမည် မဟုတ်ပါ။
ဆီးကျဉ်ခြင်းကို ပဋိဇီဝပိုးသတ်ဆေးများဖြင့် ပိုးမွှားများသေစေခြင်းဖြင့်သာ သက်သာစေနိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည်ဖြစ်သည်။ ဆေးရောင်းချသူများကလည်း ဆရာဝန်ညွှန်ကြားလိုက်သော ဆေးဟူ၍ ခွဲခြားနားလည်ထားခြင်းမရှိပေ။ ဝယ်သူကတောင်းဆိုလျှင် ရောင်းပေးလိုက်မည်သာ ဖြစ်သည်။ နှလုံးဆေးများ၊ သွေးကျဆေးများ၊ ဆီးချိုသွေးချိုဆေးများ၊ ပဋိဇီဝဆေးများစသည်ဖြင့် စသည်ဖြင့် ဆရာဝန်ညွှန်ကြားချက် လိုသောဆေးများကို လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ခြင်းမှာလည်း အန္တရာယ်ဖြစ်စေသော အချက်တစ်ချက်ဖြစ်သည်။
• ဆီးဆေး Diuretics ဆိုသည်မှာ ဆီးပမာဏများစေသော ဆေးသာဖြစ်ပါသည်။ ဆီးကျဉ်ဆီးအောင့် ပျောက်ကင်းစေသော ဆေးမဟုတ်ပါ။
• မိမိသဘော မိမိဆန္ဒဖြင့် ဆေးဝယ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မ)
ကျန်းမာရေးပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
