ဒူးနာခြင်း ( Patellofemoral Pain )
01-Mar-2017
လူအများစုဟာ ဒူးနာဖူးကြမှာပါ။ ဒူးနာရတဲ့ အကြောင်းရင်းတွေလည်း အမျိုးမျိုးရှိပါတယ်။ အခုပြောပြမဲ့ ဒူးနာတာကတော့ ဂုံညှင်းရိုး (Patella)နားတစ်ဝိုက်မှာ ဖြစ်တာပါ။ အားကစားသမားတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒူးကိုအသုံးပြုတာများလို့ပါ။ ပြေးခြင်း၊ ထိုင်ထလုပ်ခြင်း၊လှေကားအတက်အဆင်းလုပ်ခြင်းတွေကို ပြင်းပြင်းထန်ထန်လုပ်တဲ့အခါမှာ ဂုံညှင်းရိုး
တစ်ဝိုက်မှာရှိတဲ့ အရွတ်တွေ၊ ကြွက်သားတွေ ရောင်ရမ်းတာဖြစ်စေပါတယ်။
ထို့ပြင် ဂုံညင်းရိုး လွဲသွားတဲ့အခါမှာလည်း ဒူးနာနိုင်ပါတယ်။ အကယ်၍ သင်ဟာ လှေကားတက်တဲ့အခါ (သို့မဟုတ်) အကြာကြီးထိုင်ရာကနေ ထလိုက်တဲ့အခါ ဒူးနားကအသံမြည်နေပြီး နာလည်းနာနေလျှင်တော့ ဒီရောဂါကိုခံစားနေရပါပြီ။
ဒူးနာသက်သာအောင် RICE ဆိုတဲ့ နည်းလမ်းလေးသုံးလို့ရပါတယ်။ R ကတော့ Rest ဆိုတဲ့ ဒူးကို အနားပေးတာပါ။ ဒူးနာစေမဲ့ လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကိုတတ်နိုင်သမျှ ရှောင်ပေးရပါမယ်။ I ကတော့ Ice၊ ရေခဲအိတ်ကို တစ်ခါကပ်လျှင် မိနစ် ၂၀၊ တစ်နေ့ကို ၄-၅ကြိမ်အထိ ကပ်ပေးနိုင်ပါတယ်။ ရေခဲကို ဒူးအပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ မလုပ်ရပါဘူး။ C ကတော့ Compression ဖြစ်ပြီး ဒူးစည်းတဲ့ ပတ်တီးနဲ့ စည်းပေးရမှာပါ။ အဆွဲအဆန့်လုပ်လို့ရတဲ့ ဒူးစည်း ( Elastic bandage )တွေကို ဆေးဆိုင်အများစုမှာ ဝယ်လို့ရပါတယ်။ နောက်ဆုံး E ကတော့ Elevation၊ဒူးခေါင်းကို မြှင့်ပေးထားခြင်းပဲ ဖြစ်ပါတယ်။
အဝလွန်တာဟာလည်း ဒူးနာတာကိုဖြစ်စေတာကြောင့် ကိုယ်အလေးချိန်လျော့ကျအောင် လုပ်ဖို့က အရေးကြီးပါတယ်။ ပေါင်ကြွက်သားတွေကို သန်မာအောင်လေ့ကျင့်ခန်းလုပ်ပေးတာကလည်း ဒူးနာတာကို ကာကွယ်နိုင်ပါတယ်။
Post by Dr.Jink
Ref; Orthoinfo
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

