ပါးစပ်ဟလျက်အိပ်ခြင်းသည် အိပ်ရာမဝင်မီ အချိုရည်သောက်ခြင်းကဲ့သို့ သွားကို...
01-Mar-2017
အိပ်ရင် ပါးစပ်ဟပြီး အသက်ရှူတတ်တဲ့ လူတွေအတွက် မကောင်းသတင်း ရှိနေပါတယ်။ အဲဒါကတော့ ပါးစပ်ဟပြီး အိပ်တတ်တာက အိပ်ရာမဝင်ခင် အမြှုပ်အချိုရည်တွေ သောက်တာလောက်ကို သွားကိုပျက်စိီးစေတယ်ဆိုတဲ့ သတင်းပါပဲ။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲဆို တော့ ပါးစပ်နှင့် အသက်ရှူတာက ပါးစပ်ကို ခြောက်သွားစေလို့ပါပဲ။ ပါးစပ်ခြောက်သွားတော့ တံတွေးမရှိတော့ဘူးပေါ့။ တံတွေးမှာက အက်စစ်ထုတ်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သတ်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ အက်စစ်ပါဝင်နှုန်း တစ်ညလုံးတောက်လျှောက် မြင့်နေတော့ သွားပိုးစားတာတွေ ဖြစ်နိုင်ခြေရှိသွားတော့တာပေါ့။
ပါးစပ်နောက်ပိုင်း (အတွင်းပိုင်း) က ပါးစပ်ဝထက် ပိုပြီးခြောက်သွေ့ သွားတတ်လေ့ရှိပါတယ်။ ပန်းနာရင်ကျပ်ရှိတဲ့လူတွေ၊ အိပ်ရင် အသက်ရှူရခက်တဲ့ လူတွေဟာ ပါးစပ်ဟပြီး အိပ်လေ့ရှိပါတယ်။ သာမန်အခြေအနေမှာဆိုပါးစပ်မှ PH level ဟာ ၇ ဒသမ ၇ မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပါးစပ်ဟလျက်နဲ့ အိပ်တဲ့အခါမှာတော့ အဲဒီလယ်ဗယ်ဟာ ၆ ဒသမ ၆ အထိကို မြင့်တက်သွားပါသတဲ့။ အဲဒီနှုန်းဟာ သွားတွေကို သွားပိုးစားစေလောက်တဲ့ နှုန်းပါပဲ။ အဲဒီနှုန်းက အိပ်ရာမဝင်ခင် အမြှုပ်အချိုရည်သောက်ရင်ဖြစ်တဲ့ အက်စစ်ပါဝင်နှုန်းနဲ့ သွားတူနေပါတယ်။
Credit:
Arogyam magazine, March 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
