အိပ်နေစဉ်အသက်ရှုရပ်ရပ်သွားခြင်း
24-Sep-2019
အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်းဟာ အဝလွန်သူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
ဒီပြဿနာကို OSA, obstructive sleep apnea လို့ ခေါ်ဆိုပါတယ်။ အိပ်နေတုန်းမှာ
အသက်ရှူရပ်ရပ်သွားခြင်းကို လျှော့ချပေးနိုင်မယ့် Inspire Upper Stimulation (UAS)
လို့ခေါ်တဲ့ စက်ကိရိယာတစ်မျိုးကို သုတေသီတွေက တီထွင်ပေးနိုင်ခဲ့ပါတယ်။
တစ်နှစ်ကြာလေ့လာမှုတွေ ပြုလုပ်အပြီးမှာ ရောဂါလက္ခဏာကို ၇% အထိ လျှော့ချပေးနိုင်တဲ့
ဒီစက်ကိရိယာကို တီထွင်နိုင်ခဲ့တဲ့အတွက် ယေဒနာရှင်တွေရဲ့ အိပ်ရေးပျက်မှု၊ နေ့ပိုင်းအချိန်
အိပ်ငိုက်မှုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဒီကိရိယာကို အမေရိကန်နဲ့ ဥရောပက
ဆေးပညာစင်တာ၂၂ ခုမှာ စမ်းသပ် လေ့လာခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ ဒီရောဂါအတွက်
ကုသမှုတွေဟာ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်း
ခွဲစိတ်မှု၊ ခံတွင်းမှာ ကိရိယာငယ်ထည့်သွင်း ခြင်းတွေနဲ့ကုသနေပါတယ်။
“လက်ရှိကုထုံးတွေဟာ အသက်ရှူရပ်ရပ်သွားတဲ့ လူနာတွေအတွက် ကသိကအောက်ဖြစ်ခြင်း၊
ပုံမှန်အသုံးပြုနိုင်ဖို့ ခဲယဉ်းခြင်းတွေ ရှိနေပါတယ်။ ဒီလေ့လာမှုကတော့
လူသန်းပေါင်းများစွာကို အဆင်ပြေစေမှာပါ”လို့ သုတေသနခေါင်းဆောင် Pitts burgh
ဆေးတက္ကသိုလ်မှ Dr.Pat rick Strollo က ပြောကြားခဲ့ပါတယ်။ ဒီကိရိယာဟာ နှာခေါင်းစည်း၊
ခွဲစိတ်မှု၊ ကိုယ်ခန္ဓာမှာ တပ်ဆင်ခြင်းစတဲ့ အချက်တွေ မလိုအပ်ဘဲ လည်ပင်းက
ကြွက်သားတွေရဲ့ ခွန်အားကို မြှင့်တင်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီကိရိယာကို အသုံးပြုခဲ့တဲ့ လူနာ ၈၆% ကတော့ ညတိုင်းအသုံးပြု ပြီးနောက်မှာ အသက်ရှူရပ်ခြင်း
သိသိသာသာ လျော့နည်းသွားတယ် လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နေ့ခင်းပိုင်း
အိပ်ငိုက်ခြင်း၊ ညဖက် ဟောက်ခြင်းနဲ့ ဘယအရည်အသွေး လျော့ပါးခြင်းတွေကိုလည်းပြေလည်စေတယ်လို့
သိရပါတယ်။ ဒီလေ့လာမှုကို New England Journal of Medicine မှာ
ဖော်ပြထားတာဖြစ်ပါတယ်၊
Credit : သက်ကို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
