Tubal ligation အမျိုးသမီး သားသမီး မရအောင်လုပ်ခြင်း ( အသက် ၁၈ နှစ်ပြည့်...
27-Jul-2019
အမျိုးသမီးများကို ရာသက်ပန် သားသမီးမရအောင် လုပ်နည်း Permanent Sterilization ၂ နည်းရှိတယ်။ အများဆုံးသုံးအများလည်း သိတဲ့နည်း ကတော့သားအိမ်ပြွန်ကို ခြည်ဖြတ်နည်းပါ။ သားအိမ်ပြွန်ထဲကို (စပရင်) လိုတစ်ခု ထည့်ပေးနည်းက နောက်တမျိုးပါ။ မြန်မာအမျိုးသမီးတွေ လက်လှမ်းမီကြမဲ့ ပဌမနည်းကိုဘဲ ရေးပါမယ်။
အမျိုးသမီးများဟာ အရွယ်ရောက်ချိန်ကစပြီး သွေးမဆုံးခင် အချိန်အထိ လစဉ်လတိုင်း
မမျိုးဥအိမ်ကနေ မမျိုးဥတစ်လုံး ထွက်ပေးနေတယ်။ ရာသီမှန်နေသူကို ပြောတာပါ။ ဥက
တကယ်လို့ ကျားသုတ်ပိုး ဝင်လာမယ်ဆိုရင် သားအိမ်ပြွန်ခေါ်တဲ့ချိုနဲ့လည်းတူတဲ့ နှစ်ချောင်းလည်းရှိတဲ့
အခေါင်းပါပြွန်ရဲ့ အပြင်ထိပ်ပေါက်နေ သားအိမ်ထဲကို ဝင်လာလိမ့်မယ်။ ပြွန်ထဲမှာ
ဖူးစာဆုံပေါင်းစပ်ရာကနေ သန္ဓေတည် ကိုယ်ဝန်ဆောင်ရတယ်။ သူတို့တတွေ မတွေ့ မဆုံ
မပေါင်းစပ်နိုင်အောင် ပြွန်လမ်းကို အသေပိတ်လိုက်တဲ့နည်းက Tubal Ligation
ဖြစ်ပါတယ်။
ဒီနည်းမှာလည်း ၂ နည်းရှိတယ်။ Laparoscope ပစ္စည်းကရိယာ စုံတဲ့နေရာမှာဆိုရင် အပြင်လူနာ
အနေနဲ့၊ ထုံဆေးနဲ့ လုပ်လို့ရတယ်။ တိုင်းပြည် အများအပြားမှာတော့ ဆေးရုံ ခဏတင်၊
ခါးထုံဆေးနဲ့ ခွဲပေးတတ်တယ်။ မကြာပါဘူး။ ခွဲပြီး ၇ ရက် ချုပ်ရိုးဖြေတာ
မစောင့်ချင်ရင် စောစောအိမ်ပြန်လွှတ်မှာပါ။ ကလေးမွေးပြီး၊ ၂ ပတ် အတွင်းခွဲရင် ဆရာဝန်အတွက်
ပိုလွယ်တယ်။ သားအိမ်က မြင့်နေသေးတာမို့ အောက်အတွင်းထဲအထိ နှိုက်စရာမလိုဘူး။
ဘယ်နည်းနဲ့ခွဲခွဲ ခွဲစိတ်တဲ့နေရာက နာတာသက်သာတာနဲ့ အိမ်ထောင်နဲ့အတူ ပြန်နေလို့ရတယ်။
ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။
၉၉့၅% ထိရောက်တယ်လို့ ဆိုတယ်။ ဒီအထဲမှာ သားအိမ်ပြင်ပ သန္ဓေတည်တာတော့ ကံမကောင်းရင်
ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။ အဲလို ချည်ဖြတ်ပြီးမှ ပြန်လိုချင်ပြန်လို့
နောက်ထပ် ခွဲစိတ်ပြုပြင်ရသူတွေမှာ အဲလိုဖြစ်တာ ပိုများတတ်တယ်။ နောက်
ရှားတာလေးတွေလည်း ရှိသေးတယ်။ ရာသီဖြစ်စဉ် ပြောင်းသွားလို့ ရာသီလာတဲ့အချိန်မှာ
နာတာ၊ ကြားရက် သွေးဆင်းတာ၊ ရာသီ မလာဘဲ နေတာ။ ဒါလဲ ဖြစ်တဲ့သူ မများလှပါဘူး။
အားကောင်းချက်တွေ အရင်သိရအောင် ရေးရရင်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်းထိရောက်တယ်။
မလိုချင်တော့တဲ့ ကလေးရမှာကြောင့်ကျမှု ကင်းသွားမယ်။ ကုန်ကျစရိတ် မများပါ။
မမျိုးဥအိမ် ကင်ဆာဖြစ်တာ နည်းတာကို တွေ့လာရတယ်။ သားကြောဖြတ်ထားသူ အမျိုးသမီးမှာ
ဆက်ဆံစိတ်မျိုး ဘာမှ ထူးခြားပြောင်းလဲစရာ မရှိပါ။ တချို့ဆိုရင် ကိုယ်ဝန်ရမှာမျိုး
စိုးရိမ်စိတ် မရှိတော့တာမို့ ပိုလို့တောင် စိတ်ဖြစ်ပေါ်လာသေးပါတယ်။ အဲ့
ခင်ပွန်းအပေါ် သစ္စာစောင့်ရပါလိမ့်မယ်။
အားနည်းချက်တွေလဲ သိထားပါ။ ခွဲစိတ်တာ ခံရမယ်။ ယောက်ျားတွေကို လုပ်ရတာထက် နည်းနည်း
ရှုပ်ထွေးတယ်။ ဒါတောင် ယောက်ျားတွေကို လုပ်ကြတာထက် အဆ ၄ဝ အမျိုးသမီးတွေမှာ
လုပ်နေကြပါတယ်။ ပြန်ဆက်ချင်ရင် ပိုခက်တယ်။ ဆုံးဖြတ်ချက်ကို ခိုင်မာပြီးမှ
လုပ်သင့်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။
တစ်ကမ္ဘာလုံးမှာ အမျိုးသမီး ၃၃% က ဒီနည်း လုပ်ထားကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာကြ
ရာခိုင်နှုန်းပိုများတယ်။ မြန်မာပြည်မှာ ဥပဒေအရ Sterilization board ကနေ ကျမှသာ
လုပ်ခွင့်ရှိတယ်။
Credit : Dr. တင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
