ကားမှထွက်သည့် ညစ်ညမ်းလေက လူကို အိုစေနိုင်
01-Mar-2017
ကားမှထွက်သည့် ညစ်ညမ်းလေကြောင့် အရွယ်မတိုင်မီ မျက်နှာတွင် အစက်အပြောက်ပေါ်လာသူနှင့် အရေးအကြောင်း ထင်လာသူ တစ်နေ့တစ်ခြား ပိုမိုများပြားလာလျက်ရှိကြောင်း အရေပြားအထူးကုဆရာဝန်က သတိပေးလိုက်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အစက်အပြောက်များပေါ်လာရသည့် အဓိကလက်သည်တရားခံမှာ ကားများမှထွက်သည့်ညစ်ညမ်းလေဖြစ်သည်ဟုထိပ်တန်းအရေပြားအထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာဟယ်လာရီအယ်လန်နှင့် ဒေါက်တာ တာမာဗင်ပက်တာဆင်တို့က ပြောကြားခြင်းဖြစ်သည်။
ယင်းညစ်ညမ်းလေတွင်ပါသည့် အမှုန်အမွှားများက အရေပြားအတွင်းပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်သည်ဟု သိရသည်။ ညစ်ညမ်းသောအရာများ အရေပြားထဲတော်ရုံဖြင့် ဝင်မလာနိုင်စေရန် သဘာဝက ပေးစွမ်းထားသည့် အရံအတားမှာ အားပျော့သွားတော့သဖြင့် ပိုးမွှားများနှင့် အမှုန်အမွှားများ အရေပြားထဲ ဝင်ရောက်သွားနိုင်တော့ခြင်းဖြစ်သည်။
လေထုညစ်ညမ်းမှုသည် အရေပြားဆဲလ်ကိုလည်း ဖျက်စီးပစ်နိုင်သေးသည်။ ထို့ကြောင့်မျက်နှာတွင် တင်းတိပ်နှင့် အရေးကြောင်း ပေါ်လာတော့သည်။ မြို့ပြတွင် နေထိုင်သူများတွင် ယင်းဒဏ်မှ မိမိကိုယ်မိမိ မကာကွယ်ပါက မျက်နှာတွင် အဆိုပါအမှုန်အမွှားများ အချပ်လိုက်ကပ်နေလိမ့်မည်ဟု အထက်ပါအရေပြား အထူးကုများက ထည့်သွင်းပြောကြားခဲ့သည်။
ကားမှထွက်သည့် ညစ်ညမ်းလေက အသားအရေကို သိသိသာသာပျက်စီးစေပြီး လူကို အရွယ်မတိုင်မီ အိုသွားစေကြောင်း ဖော်ပြထားသည့် လေ့လာချက်ထွက်လာပြီးနောက်တွင် ဆရာဝန်များက ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ လေထုအလွန်ညစ်ညမ်း
သည့် နေရာတွင် နေထိုင်သူများသည် မျက်နှာတွင် အစက်အပြောက်နှင့် တင်းတိပ်ပေါ်လာနိုင်ခြေ ပိုများသည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။
Credit:
ချယ်ရီ
Arogyam magazine, August 2016, Pg. 124
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
