ယနေ့ခေတ် လူငယ်တော်တော်များများ သုံးစွဲနေတဲ့ ယာမခေါ် Amphetamines အကြော...
05-Jul-2019
Siam Mong
Lon "စိတ်ကြွဆေး" ဆိုတာတွေဟာ CNS ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ အမျိုးမျိုးသောဆေးတွေ
ဖြစ်တယ်။ "ယာမ" လို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက
၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်)
ရတာ၊ ပန်းနာထတာတွေအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့
ချောင်းဆိုးပျောက်ဆေး ထဲမှာ ထည့်ထားတတ်တယ်။ Euphoric effects ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့
အစွမ်းကြောင့် ပေါ်ပြူလာဖြစ်
လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တစ်ခုခုကို အာရုံစိုက်နေပြီး၊
သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင်
ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်
များစေမယ် ဆိုတဲ့ အစွမ်းတွေ ရစေတယ်။
Methamphetamine
(မက်သဖန်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (က်သီနုန်း)၊ MDMA Ecstasy (အက်ကတက်စီ) DOM
(STP) ဆိုပြီး ဆင်တူတွေ ရှိတယ်။ သူများဆီမှာ Uppers, Bennies, Beans, Speed, and
Crank ဆိုတဲ့ အရပ်သုံးနာမည်တွေ ရှိတယ်။ Pills ဆေးလုံး၊ Powder ဆေးမှုံ့ Crystals ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊
ထိုးဆေး၊ ရှူဆေးနဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။
ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ အရင်ခံစားတာမျိုး ရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ နှလုံးအပေါ်
ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်၊ ဒါ့ကြောင့် Heart disease, Heart attack, Stroke နှလုံးနဲ့
ဆိုင်တဲ့ရောဂါတွေ ပိုပြီး ရလမ်းများစေတယ်။ ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီး
ရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ Addiction ဆေးစွဲနေသူဆိုရင် Psychotic
episodes စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။
Overdose
ဆေးများသွားရင် နှလုံးခုန်မြန်မယ်။ ဂနာမငြိမ်ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို
မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊
တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။ - Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်များတယ်။
သတ္တိတွေက တူတယ်။ - Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။
- Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။ ချက်ချင်းဖြစ်တဲ့
ဆေးအဆိပ် လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများ
မမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊
Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊
Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။
မူးယစ်ဆေးတွေထဲက
Methamphetamine (မက်သဖန်တမင်း) ရဲ့ ထူးခြားချက်က Neurotoxic အာရုံကြောကို ထိခိုက်စေတယ်။
MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကို နည်းစေတယ်။ ရေရှည်သုံးရင်
Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း)
ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလိုအတူဘဲ။ ဆေးစွဲနေသူတွေဟာ
စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့
ခံစားခဲ့ဘူးတာတွေကို တသတသ ဖြစ်နေမယ်။ နှလုံးရောဂါ၊
သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ
ရှိနေသူတွေသုံးရင် သူများထက်ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့
အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။ ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို
မအိပ်ချင်အောင်ပေးတယ်။ စိတ်ဓါတ် ကျနေသူတွေကိုလဲပေးတယ်။ ၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား
MDMA (Ecstasy) ခေတ်စားလာတယ်။ Amphetamine ကို
Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ် သုံးတယ်။ Energy drinks အားဆေးလို
သောက်ကြတဲ့ ဖျော်ရည်တွေထဲမှာ Amphetamines အနည်းနဲ့အများ
ပါနေတယ်။ Amphetamines ဟာ "တရားမဝင်ဆေး" ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ UNODC ရဲ့
ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း ဆေးသုံးနေကြတယ်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
