သွားပိုးပေါက်ရှိသူများ ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေ နည်းပါး
01-Mar-2017
သွားပိုးပေါက် အများအပြား ရှိသူတွေဟာ ခံတွင်း ကျန်းမာရေး မကောင်းဘူးလို့ အသိများကြပေမယ့် သွားမှာ ပိုးပေါက် အများအပြားရှိသူတွေအနေနဲ့ ခံတွင်း ဒါမှမဟုတ် လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ သွားပိုးပေါက်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ထုတ်လုပ်တဲ့ လက်တစ် အက်စစ်ဟာ ကင်ဆာဆဲလ်တွေ မဖြစ်ပေါ်လာနိုင်အောင် ကာကွယ်ပေးတာကြောင့်လို့ ဆိုပါတယ်။ သွားအတွင်း ပိုးပေါက် အများအပြားရှိသူတွေဟာ သွားပိုးပေါက် မရှိသူတွေထက်စာရင် ခံတွင်း ဒါမှမဟုတ် လည်ချောင်းကင်ဆာ ဖြစ်နိုုင်ခြေ ၃၂ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။
နယူးယောက်မှ သုတေသီတွေက လည်ပင်းနဲ့ ဦးခေါင်းမှာ ကင်ဆာရှိသူပေါင်း ၃၉၉ ယောက် နဲ့ ကင်ဆာ မရှိသူ ၂၂၁ ယောက်ကို နှိုင်းယှဉ်ပြီး လေ့လာခဲ့ပါတယ်။ သွားပိုးပေါက်များများ ရှိလေလေ၊ ကင်ဆာဖြစ်နိုင်ခြေ နည်းလေလေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ခံတွင်းမှာရှိတဲ့ သွားပိုးပေါက် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက ထုတ်လုပ်တဲ့ လက်တစ် အက်ဆစ်ဟာ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ် အက်ဆစ်နဲ့ တူညီတာကြောင့် ရောင်ရမ်းမှုဖြစ်စဉ်၊ ဓာတ်မတည့်မှုဖြစ်စဉ််နဲ့ တချို့အမျိုးအစား ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ကျနိုင်တယ်လို့ ဆိုပါတယ်။
Credit : Page 165, November 2013, No.256, Arogyam.
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
