အချိုရည်သောက်သုံးခြင်းကြောင့် နှစ်စဉ် လူ ၁ သိန်း ၈ သောင်းခန့် သေဆုံးနေ
06-May-2019
sugar drink လို့ခေါ်တဲ့ အချိုရည်သောက်သုံးခြင်းဟာ အဝလွန်ခြင်း၊ သွေးချိုဆီးချို၊
နှလုံးသွေးကြောနှင့် ကင်ဆာရောဂါများဖြစ် ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။
လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅ဝ ကယ်လိုရီ ထက်ပို၍
မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှ အကြံပြုထားသည်။
ထိုပမာဏသည် 12oz cola သုံးဘူး ထက်လျော့နည်းနေလေသည်။ လူငယ်များ အချိုရည်သောက်
သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများနေသည်။ sugar drink
များသောက်သုံးခြင်းကြောင့် နှစ်စဉ် ကမ္ဘာပေါ်တွင် ၁၈၄ ၄၅ဝ ယောက်ခန့် သေဆုံးပြီး
အဖြစ်အများဆုံးရောဂါမှာ ဆီးချိုရောဂါဖြစ်ကာ နှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း
ဖြစ်ကြသည်။ လူငယ်များကြား ထိုကဲ့သို့သော ရောဂါများဖြစ်ပွားခြင်းသည်
နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ ထုတ်လုပ်မှုနှင့် စီးပွားရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှု
ကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေး အန္တရာယ်အဖြစ် ရှုမြင်သင့်သည်ဟု Prof.Singh မှ
ပြောကြားခဲ့ပါသည်။ ထို့အပြင်ဝင်ငွေအနည်းပါးဆုံးနှင့် အလယ်အလတ် ပမာဏရှိသော
နိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင်
သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့စဉ်စားသုံးမှုပုံစံထဲမှ sugar
စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ်မှတ်သင့်ပါကြောင်း
sugar ပါဝင်သော အချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ
သောက်သုံးမှုလျော့ချခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှ
အကြံပြုခဲ့ပါသည်။
Dr. A.Z
Ref: Medical News Today
Health Updates Journal
No. 177
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
