အေးသည့်ပတ်ဝန်းကျင်ကြောင့် ကင်ဆာရောဂါပျံ့နှံ့မှု ပိုမြန်နိုင်
01-Mar-2017
အေးတဲ့ရာသီဥတုနှင့် ပတ်ဝန်းကျင်ကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံအားတုံ့ပြန်မှုတွေ လျော့နည်းနိုင်တယ်လို့ အမျိုးသိပ္ပံ အကယ်ဒမီက တိရစ္ဆာန်တွေအပေါ် လေ့လာမှုပြုလုပ်အပြီးမှာ ဖော်ထုတ်လိုက်ပါတယ်။ ပတ်ဝန်းကျင်မှ အေးတဲ့ရာသီဥတုကြောင့် လူ့ခန္ဓာကိုယ်က ရာသီဥတုကို တုံ့ပြန်ဖို့အတွက် ပုံစံပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှအပူတွေမဆုံးရှုံးအောင် သွေးကြောတွေ ကျဉ်းမြောင်းသွားတဲ့အတွက် ခြေ၊ လက်တွေမှာ သွေးတွေဆုတ်ယုတ်လာပါတယ်။
ချမ်းတုန်နေတဲ့အတွက် ဇီဝရုပ်ဖြစ်စဉ်ဟာလည်း မြန်ဆန်လာပါတယ်။ အရမ်းအေးတဲ့အတွက် ခန္ဓာကိုယ်အနေနဲ့ ဦးနှောက်၊ နှလုံးနဲ့ တခြားအရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေအပေါ်မှာ အာရုံစိုက်နေရတာကြောင့် ကျန်ရှိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အနားပေးထားရပါတယ်။
သိပ္ပံပညာရှင်တွေက ကြွက်တွေကို အပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ၃၀ ဒီဂရီကြား ကင်ဆာရောဂါပျံ့နှံ့မှု ကွာခြားချက်ကို နှိုင်းယှဉ်ခဲ့ပါတယ်။ မုန့်ချိုအိတ်၊ အူမကြီး၊ အရေပြားနှင့် သားမြတ်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား တချို့ဟာ အေးတဲ့ပတ်ဝန်းကျင်မှာပျံ့နှံ့နှုန်းနှင့် ကြီးထွားမှု အလွန်မြန်ဆန်တယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
Credit:
Arogyam magazine, No.258, Junuary 2014, Pg.142
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
