Baby Wipe ကြောင့် ကလေးငယ်များ၏ အရေပြား ထိခိုက်နိုင်
01-Mar-2019
Baby Wipe ကြောင့် ကလေးငယ်တွေရဲ့ အရေပြားမှာ အလွန်နာကျင်ပြီး
အနီရောင် အစက်အပြောက် လေးတွေ ဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်အရ အကြံပေးထားပါတယ်။
Baby Wipe မှာ ပါဝင်တဲ့ ကြာရှည်ဓာတုပစ္စည်း Methylisothia – zolinone (MI) ဟာ တချို့ကလေးတွေမှာ
ဓာတ်မတည့်မှု တုံ့ပြန်မှုတွေဖြစ်နိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ Baby Wipe
မှာပါတဲ့ ဓာတုပစ္စည်းတွေက ကလေးတွေရဲ့ အရေပြားပေါ်မှာ ကျန်ရစ်ခဲ့ပြီး
အစက်အပြောက်ဖြစ်တာ၊ အရည်ကြည်ဖုပေါက်တာ၊ မျက်စိယားယံတာနှင့် မျက်နှာရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။
တချို့ကလေးတွေအနေနဲ့ ဦးနှောက်နဲ့ မျက်နှာအလွန်အမင်း ရောင်ရမ်းတဲ့အတွက် အသက်ရှူရခက်ခဲမှာ
စိုးတာကြောင့် အရေးပေါ်ကုသမှု ခံယူရတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ သုတေသီတွေက မိခင်တွေအနေနှင့်
မိမိကလေးငယ်တွေကို Baby Wipe မသုံးသင့်ကြောင်း၊ ယင်းကို သုံးမယ့်အစား တစ်သျှူးစက္ကူကို
ရေဆွတ်ကာ အသုံးပြုသင့်တယ်လို့ အကြံပေးပါတယ်။
Healthcare.com.mm
Ref:
Arogyam Magazine
March 2014, No.260, Pg.140
မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက
comment
(သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
