ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ
12-Jan-2019
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ)
လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်
စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်
လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့်
ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ
ဆီးကျိတ်ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ
Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက်
ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန် ကင်ဆာဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊
အူမကြီးနဲ့ သားမြတ် ကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေ
၃၂ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
Ref:
Good Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
