အလုပ်များသူများ ကျန်းမာရေးစစ်ဆေးမှု လုပ်ဖြစ်စေရန်
25-Feb-2017
ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ အလုပ်များတာကြောင့် အချိန်မရဘူးလို့တော့ မပြော လိုက်ပါနဲ့။ သင့်အိမ်နဲ့့ဖြစ်စေ၊ လုပ်ငန်းခွင်နှင့် ဖြစ်စေ အနီးစပ်ဆုံး ကျန်းမာရေးစစ်ဆေး မှု ပြုလုပ်နိုင်တဲ့နေရာတွေကို စုံစမ်းထားပါ။ ကျန်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ မလုပ်နိုင် ဘူးဆိုရင်တောင် ဆီးချိုသွေးချို၊ နှလုံး၊ ကင်ဆာနဲ့ အရိုးစစ်ဆေးမှုတွေကိုတော့ ပုံမှန်လေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ တော်ရုံဆေးသောက်ရုံနှင့် ပျောက်ကင်းနိုင် တဲ့ရောဂါတွေဆိုရင်လည်း စောစောစီးစီးကုသနိုင်ပါလိမ့်မယ်။
မဖြစ်မနေပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှုများ
သင့်သွေးပေါင်ချိန်၊ သွေးတွင်း၊ ကိုလက်စထရော အဆင့်နဲ့ သွေးတွင်း သကြားဓာတ်တွေက ဘယ်လောက်ရှိတယ် ဆိုတာကို သိထားဖို့ လိုပါတယ်။ ဒါမှ သွေးချိုဆီးချိုနဲ့ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတာ မျိုးတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။
နှစ်နှစ်တစ်ကြိမ်လောက် ပုံမှန်ပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှုများ
• ပုံမှန်သွေးဖိအားအခြေအနေကို စမ်းသပ်သင့်ပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်အတွက် ပုံမှန်သွေးပေါင်ချိန်က ၁၂၀/ ၈၀ mmHg ရှိသင့်ပါတယ်။
• သွေးတွင်းကိုလက်စထရောကိုလည်း ပုံမှန်စစ်ဆေးဖို့လိုပါတယ်။
• သွေးတွင်းသကြားဓာတ်ကိုလည်း သင့် BMI ပေါ်မူတည်ပြီး ပုံမှန်တိုင်းတာဖို့ လိုပါတယ်။
• သင့်မှာ မိသားစုရာဇဝင်အရ ကင်ဆာမျိုးရိုးရှိတယ်ဆိုရင်လည်း ပုံမှန်စစ်ဆေးမှုခံယူပေးဖို့ လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, No.272, March 2015, Pg. 123
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
