ရုတ်တရက် နားလေးတာ ဖြစ်ရတဲ့ အကြောင်းရင်း
25-Feb-2017
အဓိက နားလေးရတဲ့ အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တယ်။ များသောအားဖြင့် လူနာက ဗိုင်းရပ်စ်ပိုး ဝင်တာကို မသိလိုက်ကြဘူး။ အဖြစ်အများ ဆုံးကတော့ တစ်ခါတလေမှာ ချောင်းဆိုးတာ၊ နှာစေးတာနဲ ့ တွဲပြီးတော့ ရုတ်တရက် နားလေးသွားတတ်တယ်။ တချို့တွေကျတော့လည်း ဝမ်း နည်းနည်းပျက်တယ်၊ ဝမ်းလျှောပြီးမှ နားလေးသွားတတ်တယ်။ သီချင်း နားထောင်လို့ နားလေးသွားတာမျိုး မဟုတ်ဘဲနဲ့ ဗိုင်းရပ်စ်ပိုး ဝင်လို့ လေးသွားတာမျိုး ဖြစ်တယ်။ နောက် ဖြစ်တတ်တဲ့ အကြောင်းအရင်း တစ်ခုကတော့ Autoimmune Disease လို့ခေါ်တဲ့ ရောဂါ ပါ။ အတော် ရှားပါတယ်။ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေက ကိုယ့်ရဲ့ နားကို ပြန်လည် တိုက်ခိုက်လိုက်တဲ့ အတွက် ရုတ်တရက် နားလေး သွားတတ်ပါတယ်။ နောက် ရုတ်တရက် နားလေးရတဲ့ အကြောင်းရင်း ကတော့ သွေးတိုးကြောင့် ဖြစ်တာပါ။
နားထဲမှာ ရှိတဲ့ အတွင်းသားကို လာတဲ့ သွေးကြောလေးတွေက ရုတ်တရက် ပိတ်သွားတယ်။ ပိတ်သွားတော့ အတွင်းထဲ သွေး မရတော့ဘဲ အာရုံခံ ဆဲလ်တွေက ပျက်စီးသွားပြီးတော့ ရုတ်တရက် နားလေးသွား တတ်တယ်။ နောက် နားလေးတတ်တဲ့ အကြောင်း တစ်ခုကတော့ အာရုံကြော အကျိတ်တွေ ကြောင့်ပါ။ ဒါပေမယ့် အာရုံကြော အကျိတ်ကြောင့် ရုတ်တရက် နားလေးသွားတာမျိုးကတော့ အရမ်း ရှားပါတယ်။ ရုတ်တရက် နားလေးသွားပြီဆိုရင် ထိရောက်တဲ့ ကုသမှုနဲ့ သုံးရက် အတွင်း (၇၂ နာရီ အတွင်း) ကုသရင် သူတို့ ခံစားနေရတဲ့ ရောဂါအားလုံး ချက်ချင်း ပျောက်ကင်းနိုင် တယ်ဆိုတာ အများစုက မသိကြဘူး။ မသိကြတော့ အနားမှာပဲ ဆေးဝယ်သောက်ပြီးနေ မယ်ဆိုရင် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေက ကျော်သွားတတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, January 2016, No.282, Pg. 62-63
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
