Print

လစ်လျူမရှုသင့်သော သတိထားသင့်သည့် ရောဂါလက္ခဏာ ၈ မျိုး

  25-Feb-2017
Preview Image

 

ရောဂါဖြစ်လာတဲ့အခါ နောက်ကျမှ သိရတာက ရောဂါလက္ခဏာတွေကို လျစ်လျူရှု ထားတာကြောင့်ပါ။ အောက်ပါ ရောဂါလက္ခဏာတွေက လျစ်လျူရှုမထားသင့်ဘူး ဆိုတာ သင်သိပါရဲ့လား။

 

၁။ ဗိုက်အောင့်ဗိုက်နာခြင်း

ဗိုက်အောင့်ဗိုက်နာတာ ဆိုးဆိုးရွားရွား မဖြစ်ပေမယ့် တစ်ရက်၊ နှစ်ရက်နဲ့ မသက်သာဘဲ ဆက်လက်နာကျင်နေရင်တော့အစာအိမ်နာဖြစ်နိုင်သလို၊သည်းခြေကျောက် ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အူအတက်ရောင်တာလည်း ဖြစ်နိုင်တာကြောင့် ဗိုက်နာဗိုက်အောင့်တာပဲဆိုပြီး ပေါ့မနေသင့်ပါ။

 

၂။ ကိုယ်ပူချိန်မြင့်မားခြင်း

ကိုယ်ပူချိန် ၁၀၁ ဒီဂရိစင်တီဂရိတ် ထက်ကျော်လွန်တယ်၊ အန်တယ်၊ ဝမ်းသွားတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိလာတယ်။ ဒါမှမဟုတ် ကိုယ်ပူချိန်ကြီး တာအပြင် အသက်ရှူမြန်မယ်၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု တချို့ရှိမယ်၊ ခါးနာမယ်ဆိုရင် ဒါတွေဟာ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ပိုးဝင် တာတွေ ဖြစ်နိုင်ပါတယ်။ ကုသမှု အမြန်ဆုံးခံယူပါ။

 

၃။ ရုတ်တရက်စကားပြောမရခြင်း

အိပ်ငိုက်နေတာ၊ လှုပ်ရှားတုံ့ပြန်မှု နှေးကွေးနေတာ၊ အာရုံစူးစိုက်လို့မရတာ၊ ရုတ်တရက် စကားပြောမရတော့တာတွေဟာ လေဖြတ်တော့မယ့် လက္ခဏာရပ်တွေ ပါ။ ပေါ့ဆမနေပါနဲ့။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူပါ။

 

၄။ အသက်ရှူရခက်ခဲခြင်း

အသက်ကို အားစိုက်ရှူနေရတာ ဒါမှမဟုတ် လဲလျောင်းတဲ့အခါ အသက်ရှူရခက်ခဲ နေတာတွေက နှလုံးရောဂါ ရုတ်တရက်ခံစားရတာ ဒါမှမဟုတ် အဆုတ်ရောင် တာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

 

၅။ ဝမ်းထဲသွေးပါခြင်း

ဝမ်းထဲသွေးပါတာက အစာအိမ်မှာ အနာတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်သလို၊ လိပ်ခေါင်းရောဂါ၊ အူရောင်ခြင်းနှင့် အစာအိမ်ကင်ဆာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

 

၆။ ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တာက သင်သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် သွေးကြောတွေပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်ပြီး သွေးကြောကျယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။

 

၇။ အစာမျိုရခက်ခဲခြင်း

အစားအစာနဲ့ အရည်တွေ မျိုရခက်ခဲရတာဟာ အစာရေမျိုကျဉ်းတာ၊ စားချဉ့်ပြန်တာ၊ အစာအိမ်မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

 

၈။ အရေပြားပြောင်းလဲခြင်း

သင့်အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့အဖုအပိမ့်၊ အနာဒါမှမဟုတ်အရောင်ပြောင်းလဲ မှုတွေ ဖြစ်ပေါ်လာတာဟာ ရောဂါပိုးကူးစက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်ပေါက် တာတွေ ဖြစ်နိုင်ပါတယ်။ အမှုမဲ့အမှတ်မဲ့မနေပါနဲ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Good Health Journal



Related Articles


Advertisment 18