ကြွက်နို့
04-Nov-2018
ကြွက်နို့သည် ယေဘုယအားဖြင့် သေးငယ်သော၊ မျက်နှာပြင်ကြမ်းသော
အဖုလေးဖြစ်ပြီး လက်နှင့် ခြေတွင် အဖြစ်များပါသည်။ ေ၈ါ်ဖီပန်းနှင့် တူတတ်ပြီး အစိုင်အခဲဖြစ်သော
အရည်ကြည်ဖုငယ်လေးနှင့်လည်း တူတတ်ပါသည်။ ကြွက်နို့သည် အဖြစ်များပြီး human
papillomavirus (HPV) ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်
ပိုးရှိသော အသုံးပြုသော မျက်နှာသုတ်ပဝါ၊ အခြားအသုံးအဆောင်များနှင့် ထိတွေ့ခြင်းမှလည်း
ကူးစက်နိုင်ပါသည်။ လအနည်းငယ်ကြာလျှင် ပျောက်သွားတတ်သော်လည်း
နှစ်များစွာကြာသည်အထိလည်း ရှိနေတတ်ပါသည်။ ပြန်ဖြစ်ခြင်း များလည်း တွေ့ရတတ်ပါသည်။
ကြွက်နို့အမျိုးအစားများ
- အတွေ့ရများသော ကြွက်နို့ Common wart (Verruca
vulgaris)-
ကြွတက်နေပြီး မျက်နှာပြင်ကြမ်းကာ လက်များနှင့် ဒူးခေါင်းတွင်
အဖြစ်များပါသည်။
- ပြင်ညီကြွက်နို့ Flat wart (verruca plana)
သေးငယ်သော ညီညာပြီး ပြားနေသော အသားရောင်ရှိ ကြွက်နို့များ
ဖြစ်ပါသည်။ အရေအတွက် အများကြီး ဖြစ်နိုင်ပါသည်။ မျက်နှာ၊ လည်ပင်း၊ လက်များ၊ လက်ကောက်ဝတ်နှင့်
ဒူးခေါင်းများတွင် အဖြစ်များပါသည်။
- ခြေဖဝါးကြွက်နို့
မာပြီး တစ်ခါတစ်ရံ နာကျင်တတ်သော ကြွက်နို့များ ဖြစ်ပြီး
ဗဟိုတွင် အမည်းစက်များ တွေ့ရတတ်ပါသည်။ ခြေဖဝါး ၏ ဖိအားဒဏ်ခံရသော နေရာများတွင် အတွေ့ရများတတ်ပါသည်။
- Mosaia ကြွက်နို့ -
ပြွတ်သိပ်နေသော ခြေဖဝါး ကြွက်နို့အစုများ ဖြစ်ပါသည်။ လက်များနှင့်
ခြေဖဝါးတွင် အတွေ့ရများပါသည်။
- လိင်အင်္ဂါကြွက်နို့ -
လိင်အင်္ဂါတစ်ဝိုက် ဖြစ်ပွားပါသည်။
ကုသမှု
Podophyllum rasin လိမ်းဆေး၊ benzoin I.P1 aloes ၊
isopropyl alcohol I.P များ လိမ်းနိုင်ပါသည်။ အရေပြားကွာစေသော salicylic acid ၊
formaldehyde များလည်း လိမ်းနိုင်ပါသည်။ အအေးဖြင့် ခဲစေခြင်း Cryosurgery ဖြင့်လည်း
ကုသနိုင်ပါသည်။ Infrared coagulator ၊ Imiquimod ၊ Bleomycin ၊
Dinitrochlorobenzene (DNCB) ? Fluorouracil တို့ဖြင့်လည်း ကုသနိုင်ပါသည်။ အရေပြားအနာကျက်သွားတဲ့
အခါ ကြွက်နို့ပြန်ထွက်ခြင်းများကို မကြာခဏတွေ့ရတတ်ပါသည်။
ကာကွယ်ခြင်း
Gardasil HPV ကာကွယ်ဆေးဖြင့် HPV အမျိုးအစား ၁၆၊ ၁၈၊ ၆
နှင့် ၁၁ တို့ကို ကာကွယ်နိုင်ပါသည်။
Ref:
အရေပြားရောဂါများအကြောင်း တစေ့တစောင်း
ဒေါက်တာခိုင်ခိုင်ဇော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
