နာတာရှည်အဆုတ်ဝေဒနာရှင်များတွင် မည်သည့်နှလုံးရောဂါများပိုဖြစ်ပွားနိုင်သ...
02-Nov-2018
နာတာရှည်လေပြွန်များကျဉ်းလာသည့်ရောဂါ (Chronic Obstructive Pulmonary Disease)
COPD မှာ systemic inflammatory disorder တစ်ခုဖြစ်ကာ နှလုံးသွေးကြောင့်
ပတ်သက်သည့် ရောဂါများဖြစ်ပွားမှုကို ပိုများစေလေသည်။ ထို့ကြောင့် COPD နှင့်
နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများအားလုံး ခြုံငုံဖြစ်ပွားနှုန်း၊ မည်သည့်
နှလုံးသွေးကြောရောဂါပိုမို ဖြစ်ပွားစေသည်၊ မည်သည့်အချက်
များကနှလုံးသွေးကြောရောဂါပိုမို ဖြစ်ပွားစေသည် စသည့်ဆက်စပ်ပုံများအား လေ့လာခဲ့သည့် လေ့လာမှုတွင် ၁၉၈၀ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၅ ဧပြီ ၁၅ ရက်ကြား စာရင်းဇယားများအား
အသုံးပြုခဲ့သည်။
ယင်း်လေ့လာမှုသည် COPD ဝေဒနာရှင် မဟုတ်သောသူများနှင့် နှှိုင်းယှဉ် လေ့လာခဲ့ခြင်းဖြစ်သည်။ တွေ့ရှိချက်များအရ COPD ဝေဒနာရှင်များသည်
သာမာန်သူများထက်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန် နှုန်းမမှန်သည့်ရောဂါ၊
အဆုတ် သွေးလှည့်ပတ်မှုစနစ်တွင် ဖြစ်ပွားသည့်ရောဂါ၊ သွေးကြောရောဂါတို့
ဖြစ်ပွားနိုင်ခြေနှစ်ဆမှ ငါးဆထိပိုများကြောင်းတွေ့ရသည်။ ယင်းရောဂါများပိုဖြစ်စေသော
အချက်များအနေဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုပိုများနေ ခြင်း၊
ဆီးချိုဖြစ်ပွားမှုပိုများနေခြင်း၊ ဆေးလိပ်သောက်သောအလေ့အကျင့်
ရှိခြင်းတို့အားတွေ့ခဲ့ရသည်။ ယခုကဲ့သို့ COPD နှင့်
မည်သည့်နှလုံးရောဂါများဆက်စပ်နေသည်၊ မည်သည့် အချက်များနှင့် တွဲရှိနေပါက နှလုံးသွေးကြောရောဂါများပိုဖြစ်စေနိုင်သည်ကိုသိရှိရခြင်းဖြင့် COPD
ဝေဒနာရှင်များတွင် နှလုံးသွေးကြောရောဂါမဖြစ်မီ ကြိုတင်စစ်ဆေးသင့်သည်။
Ref: ဖိုးသောကြာ
No.179 August. 2015
သင်သိလိုသမျှ
ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့
MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး
ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

