အမျိုးသားများဟာ အမျိုးသမီးများထက် ဘာကြောင့် အသက်တိုရလဲ
25-Feb-2017
အမျိုးသားများဟာ အမျိုးသမီးများထက် ယေဘုယျအားဖြင့် အသက်တိုကြောင်း ဆေးပညာရှင်များက အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ ကျန်းမာရေးကောင်းသော အမျိုးသားနဲ့ အမျိုးသမီး တို့ကို ယှဉ်ကြည့်တဲ့အခါ အမျိုးသားဟာ ၁၈ နှစ်ကျော် အသက်ဆက်ရှင်ပြီး အမျိုးသမီးဟာ ၂၂ နှစ်ကျော် ဆက် အသက်ရှင်ပါတယ်။ အမျိုးသမီးများက ယေဘုယျအားဖြင့် အမျိုးသားများ ထက် လေးနှစ်ကျော်လောက် ပိုအသက်ရှည်ကြောင်း သက်သေပြထားခြင်း ဖြစ်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုတာကို စစ်ဆေးကြည့်တဲ့အခါ Blood Cell မှာ ရှိတဲ့ ဓာတ်တစ်မျိုး ပျောက်ဆုံးလာခြင်းကြောင့် ဖြစ်ပါတယ်။ Y chromosome လို့အမည်ရတဲ့ ဆဲလ် ဖြစ်ပါတယ်။ သူဟာ အမျိုးသားတို့ အသက်ကြီးလာတာနဲ့ အမျှ ပိုပိုလို့ နည်းပါး လာခြင်း ဖြစ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးဟာ ယင်း Y chromosome ကို လုံးဝ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း ဓာတ်ဟာဆိုရင် ရောဂါများ မဝင်ရောက်ရန် တားဆီးပေးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အယ်လ်ဇိုင်းမား ရောဂါကို တိုက်ဖျက် ကာကွယ်ပေးတဲ့ ဓာတ် ဖြစ်ပါတယ်။ ယင်း ဓာတ်နည်းသူတွေဟာ အယ်လ်ဇိုင်းမားကနေ စပြီးတော့ အခြား ရောဂါ အမျိုးမျိုး ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ အမျိုးသားများဟာ အမျိုးသမီးများထက် အသက်တိုရခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ရေဘုယျသာ ဖြစ်ပြီး ဘဝ အသက်ရှင်နေထိုင် စားသောက်မှု ပုံစံမမှန်ရင်တော့ အမျိုးသမီးလညး အမျိုးသားများထက် ပိုလို့ အသက်တိုနိုင်ပါသေးတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit; Lwin pyin
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
