၀မ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်
06-Oct-2018
ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်းတွေ့ကြုံဖူးပါ
လိမ့်မယ်။ ဝမ်းချုပ်စေတဲ့ အကြောင်း အရာအများကြီးရှိတဲ့ အနက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ဝမ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ။
တချို့ဆိုရင် ဝမ်းချုပ်တဲ့ အတွက်ကိုယ်လက် မအီမသာဖြစ်ပြီးခေါင်းတွေ အုံခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ်။ ဝမ်းချုပ်ခြင်းကို
constipation အပြင်costiveness, dyschezia, dys synergic defaecation စသဖြင့်
လည်းခေါ်ကြပါသေးတယ်။ ဆိုလိုတဲ့သဘောကတော့ bowel moments(အူလှုပ်ရှားခြင်း၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက်ခဲနေခြင်း
ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ဝမ်းသွားနေစဉ် နာကျင်ခြင်း (painful
defaecation) ပဲဖြစ်ပါတယ်။အရမ်းကို ဝမ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း)၊faecal impaction (ဝမ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း) စသည်တို့
ဖြစ်နိုင်ပါတယ်။
လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ဝမ်းချုပ်ခြင်းကို
ခံစားရလေ့ရှိပါတယ်။ ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့်
ပုံစံ၂ မျိုး ရှိပါတယ်။ လုံးဝပိတ်ဆို့ပြီး ဝမ်းမသွားနိုင်ခြင်း
(obstructed defaecation)နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း
(colonic slow transit , hypomobility) တို့ပဲဖြစ်ပါတယ်။ ဆေးရုံတွေကို ရောက်လာတဲ့ လူနာတွေရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obstructed
defaecation ကြောင့်ရောက်လာတာများပါတယ်။ အူလှုပ်ရှားမှု နည်းခြင်းကြောင့်ဖြစ်တဲ့
colonic slow transitconstipation ကိုဖြစ်စေတဲ့ အရာတွေကတော့ အစားအသောက်၊ ဟော်မုန်း၊ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal
toxicity တွေပဲဖြစ်ပါတယ်။ သူ့ကိုကုသတဲ့ အခါမှာလည်း အစားအသောက် ပုံစံပြောင်းလဲခြင်း၊
ဝမ်းပျော့ဆေး၊ ဝမ်းချုဆေးတောင့်၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုတာလက္ခဏာတစ် ခုသာဖြစ်တယ် ရောဂါတစ်ခု မဟုတ်ပါဘူး။သူ့ကိုထိထိရောက်ရောက် ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့်
ဖြစ်ရတာလဲဆိုတဲ့ cause ကိုအရင် ရှာဖွေဖို့လိုပါတယ်။
ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ် ထားတာတွေကတော့
- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း) ဟာတစ်ပတ်ကို
သုံးကြိမ် သို့မဟုတ် သုံးကြိမ်ထက် နည်းနေခြင်း
- ဝမ်းသွားရတာ ခက်ခဲခြင်း (ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း)
- ဝမ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း၊
ဝမ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ်။
- ကလေးငယ်တွေမှာ ဝမ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့
အစားစာကျွေးတဲ့ အချိန်မှာ ဖြစ်လေ့ရှိပါတယ်။ မွေးပြီးတဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ) ကျင်ကြီးစွန့်လေ့
ရှိပါတယ်။နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက
ကျင်ကြီးစွန့်တဲ့ အကြိမ်အရေအတွက် ပိုများပါတယ်။
ဝမ်းချုပ်ခြင်းကို ဖြစ်စေသောအချက်များ
ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့
- congenital (မွေးရာပါ)
- primary (ပထမအကြောင်းအရင်း)
- secondary (ဒုတိယအကြောင်းအရင်း) စသည်တို့ဖြစ်ပါတယ်။
Primary
အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို
ထိခိုက်နိုင်ခြင်းမရှိပါဘူး။ Primary မှာတော့ ခြောက်လကျော်လောက်ထိ ဝမ်းချုပ်ခြင်းကို
ခံစားရပြီးဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း မဟုတ်သလို၊ရောဂါတစ်ခုခုကြောင့်လည်း မဟုတ်ပါဘူး။ ဗိုက်အောင့်ဗိုက်
နာခြင်းလည်း မရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းရဲ့common cause ဖြစ်ပါတယ်။
secondary (ဒုတိယအကြောင်းအရင်း)
(၁). အစားအသောက်
အမျှင်ဓါတ်စားတာ နည်းတဲ့အတွက်ကြောင့်၊ ရေသောက်တာနည်း တဲ့အတွက်၊
အစားအစာ စားတာနည်းတဲ့အတွက် ဝမ်းချုပ်ခြင်းဖြစ်ရပါတယ်။
(၂). ဆေးဝါးများ
ဆေးဝါးအများစုမုှာ ဝမ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုး
ပါရှိကြပါတယ်။ ဘာဆေးတွေလဲ ဆိုတော့ Opioids (အကိုက် အခဲပျောက်ဆေးများ)၊ ဆီးဆေးများ၊
စိတ်ကျရောဂါ ပျောက်ဆေးများ၊ ယားယံခြင်းပျောက်သောဆေးများ၊ ဗိုက်အောင့်ပျောက်ဆေးများ၊ အတက်ကျဆေးများ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ
စသည်တို့ဖြစ်ပါတယ်။
(၃). Metabolic and Muscular
အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း၊ သိုင်းရိုက်
ဟော်မုန်းနည်းခြင်း၊ ဆီးချိုသွေးချို နဲ့ cystic fibrosis၊ celiac disease စသည်တို့ဖြစ်ပါတယ်။
ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ဝမ်းချုပ်ခြင်း အဖြစ်များပါတယ်။
(၄). စိတ်ရောဂါဆိုင်ရာ
နာကျင်မှုကို အလွန်အမင်း ကြောက်ရွ့ံ့သူများ၊ လူစုလူဝေး
လူထုနားနေခန်းများကိုကြောက်သူများ၊ ပျင်းရိသူများဟာလည်း ငယ်စဉ်ကတည်းက ဝမ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့ လူတွေမှာတော့အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း
၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့၊
hypothyroidism နဲ့ကင်ဆာရောဂါ တို့ဖြစ်ပါတယ် ။
ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ် ကုသမလဲ
တခါတခါမှာ ဝမ်းချုပ်ခြင်းကိုု ကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ်။
ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ်။ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ် အများကြီးပါတဲ့
အစားအစာတွေ စားဖို့လိုပါတယ်။ မနက်စောစော ဝမ်းသွားတဲ့အကျင့် အိမ်သာမှန်မှန်တက် တဲ့အကျင့်
ကိုလည်းမွေး မြူဖို့လိုပါတယ်။ ပုံမှန် ဝမ်းပျော့ဆေးတွေ သုံးစွဲခြင်းက သိပ်တော့ မကောင်းလှပါဘူး။
ဘာလို့လည်းဆိုတော့ ကျင်ကြီးစွန့်တဲ့ အလေ့အထဟာ ကြာလာရင် အဲဒီ ဝမ်းပျော့ဆေးတွေ အပေါ်မှာ
တည်မှီလာမှာ ဖြစ်တဲ့အတွက်ဖြစ်ပါတယ်။Mechanical stimulation အနေနဲ့ ဝမ်းချူဆေးလုံး Enemas
ကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်ပလည်း ဝမ်းချူဆေးလုံးဟာ အစာဟောင်းအိမ်
( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း
Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး။ ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက
MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်။ ဈေးသက်သာပြီး အန္တရာယ်မရှိတာကြောင့် လူသုံးများပါတယ်။
MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ဝမ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ်။
အမျှင်တွေက ဝမ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ
အမျှင်ဓါတ် Fiber တွေဟာအပင်တွေရဲ့ အစိတ်အပိုုင်းဖြစ်ပြီးအမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအစာတွေကို စားသောက်ပြီးတဲ့
အခါမှာအစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ်။
အမျှင်တွေဟာ အရာဝထ္ထု တစ်ခုတည်း မဟုတ်ပဲ အစုအဝေးကြီး တစ်ခုသာလျှင် ဖြစ်ပါတယ်။ အမျှင်မှာsoluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်း
ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံးက
မရှိမဖြစ် လိုအပ်ပါတယ်။ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာသင့်ရဲ့ မစင် ထဲမှာရေတွေ
ကိုစိမ့်ဝင်စေပြီးပျော့ပြောင်းစေပါတယ်။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ်။
မပျော်ဝင်နိုင်တဲ့ fiber တွေကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲလိုက်ပြီးအလျှင်အမြန်စွန့်ထုတ်စေခြင်း အားဖြင့် သင့်ကိုဝမ်းချုပ်တဲ့
ခံစားချက်ကြီးကနေလွတ်ကင်းစေမှာ ဖြစ်ပါတယ်။
Virginia Commonwealth University Health Center in
Richmond,Vaမှ ဒါရိုက်တာနဲ့ ပရော်ဖက်ဆာ တစ်ဦးဖြစ်တဲ့ Stephen
Bickston က " အမျှင်ဓါတ် ပါတဲ့အစားအစာ များများစားသုံးတဲ့ လူတွေဟာ ဝမ်းချုပ်ခြင်းနည်း
လေ့ရှိတယ် " လို့ပြောခဲ့ပါတယ်။ American DieteticAssociation ကတော့ အသက် ၁၉ နှစ်မှ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ် အစားအသောက်ထဲမှာ ဖိုက်ဘာ၂၅
ဂရမ်စားသုံးရမယ်လို့ ဆိုပါတယ်။
ယောင်္ကျားတွေကတော့ အဲဒီအသက်အရွယ် အပိုင်းအခြားမှာ ၃၈ဂရမ်
စားသုံးရမယ်လို့ ဆိုပါတယ်။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စားသုံးသင့်
ပါတယ်။ Dr.Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တစ်နေ့ကို ဖိုက်ဘာအမျှင်
ဓါတ် ၁၃ ဂရမ်စားသုံးတယ်လို့ ဆိုပါတယ်။ ဒါဟာသတ်မှတ်ထားတာကို ရောက်ဖို့ လိုပါသေးတယ်တဲ့။
အမျှင်ဓါတ်ပါတဲ့ အစားအစာအများစုမှာ ဗီတာမင်သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ်။
အမျှင်ဓါတ်ပါသော အစားစာတွေကတော့
- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီးစသည်
)
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး
၊ ဖယုံစသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီးစသည်တို့ပဲဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်းတဲ့သူတွေ အတွက်
Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့ အပင်တစ်မျိုးကနေ ထုတ်လုပ်ထားတဲ့ အမျှင်ဖြည့်စွက်
အမှုန့်လေးတွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ တစ်ခါသောက်ရင်ရင်တစ်ထုပ်လုံးကို ရေဖန်ခွက်ထဲထည့် မွှေနှောက်ပြီး သောက်သုံးနိုင်ပါတယ်။
ဝမ်းချုပ်တဲ့လူတွေကို အကြံပေးလိုတာကတော့
၁။ ရေများများသောက်ပါ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့
လိုပါတယ်။
၂။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ်။
၃။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
၄။ နေ့စဉ်ပုံမှန် ဝမ်းသွားတတ်တဲ့ အလေ့အကျင့်ကိုမွေးမြူပါ။
၅။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချပါ။
၆ ။ ဝမ်းချုပ်တာ ရှည်ကြာနေပြီ၊ ဝမ်းပျော့ဆေးတွေ သောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးကုသမှု ခံယူပါ။
၇ ။ဝမ်းချုပ်စေတဲ့ အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို
လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Ref:
သက်တန့်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
