Herniated disk (ခါးဆစ်ရိုးကျွံကျခြင်း)
06-Oct-2018
ခါးဆစ်ရိုးကျွံကျခြင်းဆိုသည်မှာ
ကျောဘက်တွင်ရှိသော ခါးဆစ်ရိုးများ တစ်ခုနှင့်တစ်ခုကြားတွင် ခံပေးထားသော ချပ်ပြားများ
ကျွံလာကာ အနီးအနားတွင်ရှိသော အာရုံကြောများကို သွားဖိကာ နာကျင်မှုများ ခံစားလာရခြင်းကို
ခေါ်သည်။
လက္ခဏာများ
အတွေ့ရများသော
Herniated disk ၏ လက္ခဏာများမှာ
- ကျောအောက်ပိုင်း
(ခါး) နာကျင်ခြင်း
- လက်မောင်း/ခြေထောက်
နာကျင်ခြင်း
- အဖိခံထားရသော
အာရုံကြောများ ထောက်ပံ့ပေးသည့် အပိုင်းတွင် ထုံကျဉ်ခြင်းများ ခံစားရခြင်း
- သက်ဆိုင်ရာကြွက်သားများ
အားလျော့လာခြင်း
ဖြစ်ပွားရသောအကြောင်းရင်းများ
Herniated
disk သည် များသောအားဖြင့် အသက်အရွယ် ကြီးရင့်လာသောကြောင့် ဖြစ်လာခြင်းဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ
ရေပါဝင်မှုနှုန်း နည်းလာကာ ကွေးနိုင်ဆန့်နိုင်မှု နည်းလာပြီး အနည်းငယ် ထိခိုက်မိရုံနှင့်ပင်
ကျွံကျဖို့ရာ ပိုများလာသည်။ တစ်ချို့လူများတွင်မူ အလေးအပင်မခြင်း များသောကြောင့် အချိန်ကြာမြင့်လာသောအခါ
ခါးဆစ်ရိုးကျွံလာနိုင်သည်။
ဖြစ်နိုင်ချေများသူများ
Herniated
disk ဖြစ်နိုင်ချေများသူများမှာ
.
အလေးအပင်မသူများ
.
အလုပ်ကြမ်းလုပ်ရသူများ
.
မျိုးရိုးထဲတွင် Herniated disk ရှိသူများ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
Herniated
disk ၏ နောက်ဆက်တွဲပြဿနာများအနေဖြင့် အာရုံကြောမကြီးသည် အောက်ဖက်ပိုင်းအထိ မရောက်နိုင်ခြင်းနှင့်
Cauda equina ဟုခေါ်သော အာရုံကြောအရှည်ကြီး၏အမြစ်များကို သွားဖိခြင်းများ ဖြစ်နိုင်သည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
ခါးနာခြင်းနှင့် အထက်ပါလက္ခဏာများ ခံစားရခြင်း၊ လက္ခဏာများ ပိုပိုဆိုးလာခြင်း၊ ဆီးမသွားနိုင်ခြင်းနှင့် ပေါင်အတွင်းပိုင်း၊ ခြေထောက်နောက်ပိုင်းများတွင် အာရုံခံစားမှု မရှိပါက ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
Herniated
disk ဟုတ်မဟုတ် သိနိုင်ရန် ရောဂါအခြေအနေကြောင်း မေးမြန်းခြင်း၊ နောက်ကျောအား စမ်းသပ်ခြင်း၊
အာရုံခံစားမှု ကောင်းမကောင်းသိစေရန် ဝါဂွမ်း/ပင်အပ်ဖြင့် စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊
ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းများဖြင့် စမ်းသပ်စစ်ဆေးနိုင်ပါသည်။
ကုသခြင်း
Herniated
disk ကို နာကျင်မှုဖြစ်စေသော နေထိုင်မှုပုံစံများကို ရှောင်ကြဉ်ခြင်း၊ ဆရာဝန် ညွှန်ကြားထားသော
လေ့ကျင့်ခန်းများ လုပ်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ ကြွက်သားများ
ပြေလျော့စေသောဆေးများသောက်ခြင်း၊ ရေခဲကပ်ခြင်းများဖြင့် ခံစားရမှုဝေဒနာများကို သက်သာစေကြောင်း
တွေ့ရှိရသည်။ အဆိုပါနည်းများနှင့် မသက်သာပါက ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
Herniated
disk ကို ကာကွယ်ရန်အလို့ငှာ
- ကိုယ်လက်လှုပ်ရှားမှု
လေ့ကျင့်ခန်းများ လုပ်ပေးခြင်း
- ခန္ဓာကိုယ်ကို
သင့်တင့်မျှတသောအနေအထားနှင့် နေထိုင်ခြင်း
- ကိုယ်အလေးချိန်
ပုံမှန်ဖြစ်အောင် ထိန်းထားခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးရန် လိုအပ်သည်။
Paing
Ref:
Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
