အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ ဂလစ်ဆရင်း
05-Sep-2018
ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝအဆီ ဂလစ်ဆရင်းအလှဆီဟာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့ အလှအပအတွက်
အထိရောက်ဆုံးဖြစ်တာကြောင့် ဈေးကြီးအလှကုန်တွေ သုံးစွဲမှ ကောင်းတယ်လို့
မထင်ရလေအောင် ဂလစ်ဆရင်ရဲ့ အာနိသင်တွေကို မျှဝေပေးလိုက်ပါတယ်။
အသားအရေစိုပြည်စေခြင်း
အရေပြားဟာ ရေဓာတ်အမြဲပြည့်ဝနေဖို့ လိုအပ်တာကြောင့် ဂလစ်ဆရင်းကအဲဒီအတွက် အကောင်းဆုံး အကျိုးပြုနိုင်ပါတယ်။ ဂလစ်ဆရင်က
ပတ်ဝန်းကျင်လေထုထဲက ရေဓာတ်ကို စုပ်ယူတာကြောင့် အရေပြားကို အမြဲစိုပြည်လန်းဆန်းနေစေပါတယ်။
အဆိပ်အတောက်ကင်းခြင်း
အဆီပြန်တဲ့ အရေပြားဖြစ်ဖြစ်၊ ထိခိုက်လွယ်တဲ့ အရေပြားဖြစ်ဖြစ်
စိတ်ချလက်ချ သုံးစွဲနိုင်တာကလည်း ဂလစ်ဆရင်းရဲ့ အားသာချက်တစ်ခုပါ။
အရေပြားဆဲလ်ဖွံ့ဖြိုးစေပြီး အရေပြားပြဿနာ များ ကာကွယ်ခြင်း
နောက်ပြီး အရေပြားဆဲလ်တွေ ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးတဲ့အပြင်
အရေပြား နီပြီးရောင်အမ်းနာကျင်တာတွေ၊ ကြမ်းထော်တဲ့ အနီပိမ့်ထတဲ့ ရောဂါနဲ့ အနာဖြစ်ရင်လည်း
အမြန်သက်သာပျောက်ကင်းစေပါတယ်။ အဆီပြန်တဲ့ အရေပြားတွေမှာ ဖြစ်တတ်တဲ့ ဝက်ခြံနဲ့ အရေပြားကျိန်းစပ်တာတွေကိုလည်းသက်သာစေပါတယ်။
နှုတ်ခမ်းစိုပြည်စေခြင်း
ဆောင်းတွင်းဘက်တွေမှာ အရေပြားခြောက်ပြီး ယားယံတာတွေ ကာကွယ်ပေးပါတယ်။ ဂလစ်ဆရင်းကို နှုတ်ခမ်းကို သုတ်ပေးထားရင် နှုတ်ခမ်းကွဲခြောက်တာတွေ
ကာကွယ်ပြီးသားဖြစ်ကာ နူးညံ့စိုပြည်နေစေပါတယ်။
ဆံပင်ပျော့စေခြင်း
ဆံသားတွေကို အန္တရာယ်ကင်းကင်းနဲ့ နူးညံ့ပျော့ပျောင်းစေဖို့
အတွက်လည်းသုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့လျှော်ပြီးတာနဲ့ ဂလစ်ဆရင်
သုတ်လိမ်းပြီး မိနစ် အနည်းငယ်ထားကာ လျှော်ပေးပါက ထူထဲနက်မှောင်တောက်ပြောင်တဲ့ ဆံသားတွေ
ပိုင်ဆိုင်ရမှာပါ။
ဗောက်ပျောက်ပြီးယားယံမှုကင်းစေခြင်း
ဦးရေပြားခြောက်တာကြောင့် ဗောက်တွေထပြီးယားယံရင် ဂလစ်ဆရင်းကိုဦးရေပြားမှာလိမ်းပြီး ညင်ညာစွာ နှိပ်နယ်ပေးပြီး ခေါင်းလျှော်ပေးရင်
သက်သာပျောက်ကင်းစေမှာပါ။
ဆံပင်သပ်ရပ်စေခြင်း
ဆံသားကောက်ကောက်တွေဆိုရင် ခေါင်းစုတ်ဖွားနဲ့ မသပ်မရပ်တတ်တာကြောင့်
ဂလစ်ဆရင်းကို ခေါင်းလိမ်းဆီအဖြစ် သုတ်လိမ်းမယ်ဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်နေစေမှာပါ။
Ref:
Health me up
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
