ကြမ်းထော်သော အနီပိမ့်များ ထသည့်အရေပြားရောဂါ (Psoriasis)
04-Sep-2018
ဤအရေပြားရောဂါသည် ရောင်နေသော အနီပိမ့်အနီဖုများပေါ်၌
အကြေးခွံလိုမျိုး အကာလေးဖုံး အုပ်ထားသော ခန္ဓာကိုယ်အနှံ့အပြား၌ တွေ့ရတတ်သည့် မကူးစက်တတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ မကူးစက်တတ်သော်လည်း
မိသားစုဝင် တစ်ဦးဦး၌ ဤရောဂါရှိလျှင် မိမိတွင်လည်း ဖြစ်နိုင်ချေများပါ သည်။ တစ်နည်းအားဖြင့်တော့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။
အရွယ်ရောက်လာရင် ရောဂါလက္ခဏာစပြလာပါ်ပြီ။ အနီကွက် အနီဖုကလေးများဟာ သူ့ဘာသာသူ ခြောက်ပြီး
ပျောက်သွားလေ့ရှိပါတယ်။ ယားလည်းယားတတ်ပါတယ်။ မပျောက်ဘဲ အရည်တွေ ထွက်လာမယ်ဆိုရင်တော့ ဆရာဝန်နှင့် ပြသင့်ပါတယ်။ ညပုံမှန်ဆိုရင်တော့
လူတစ်ယောက်ရဲ့အရေပြားရှိ ဆဲလ်များဟာ တစ်လတစ်ခါ အသစ်လဲကြပါ တယ်။ ဤအရေပြားရောဂါမှာ
တော့ ဆဲလ်အသစ်တွေက ၃-၄ ရက်တစ်ခါလဲတာကြောင့် ဆဲလ် ဟောင်းနှင့်
ဆဲလ်သစ် အလဲမြန်တဲ့အခါမှာ အကြေးခွံလိုမျိုး ဖြစ်လာရပါသည်။ ပိုးဝင်ခြင်း၊ စိုးရိမ်ပူပန်
စိတ်များခြင်း၊ ကုတ်ခြစ်ခြင်းဟာ ရောဂါပိုမိုဆိုးရွားစေပါသည်။
ဤအရေပြားရောဂါကိုလုံးဝပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ယားယံခြင်း၊
အနီ စက်၊ အနီကွက်များကိုတော့ သက်သာအောင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ အသက်အရွယ်၊
အနီကွက်အရွယ်အစား၊ ကျန်းမာရေးအခြေအနေ ပေါ်မူတည်၍ ဆေးပမာဏအနည်းအများ ရှိသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါကြောင်း
အကြံပြုလိုက်ရပါတယ်။
ဒေါက်တာခြူးမျက်ချယ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
