အလေးအနက်ထားသင့်သော လူနေမှုဘဝပုံစံဆိုင်ရာရောဂါများ
25-Aug-2018
အဝလွန်ခြင်း - ကိုယ်အလေးချိန်ပိုများနေသော လူတစ်ယောက်အနေဖြင့်
အသက်ရှူမှုဆိုင်ရာ ပြဿနာများ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဆီးချိုရောဂါ
စသည်တို့ ခံစားရ တတ်သည်။အမျိုးအစား ၂ ဆီးချိုရောဂါ- ယေဘုယျအားဖြင့် အရွယ်ရောက်ပြီး
သူများတွင်ဖြစ်တတ်ပြီး သွေးထဲသကြားပမာဏကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်
အမျိုးအစား ၂ ဆီးချိုရောဂါကဲ့သို့ အခြားသော ကျန်းမာရေးပြဿနာများမှာ အဝလွန်ခြင်းကြောင့်ဖြစ်လာလေ့ရှိသည်။
သွေးလွှတ်ကြောမာရောဂါ
(Arteriosclerosis)- ရောဂါမှာ နှလုံး သွေးလွှတ်ကြောနံရံများထူလာပြီး
ကျုံ့နိုင်ဆန့်နိုင်သော သတ္တိမရှိသောအခါ ဖြစ်သောရောဂါများအုပ်စုဖြစ်သည်။နှလုံးကြွက်သားများနှင့် သွေးကြောနံရံများကို ထိခိုက်သည့်
နှလုံးမူမမှန်ခြင်းကိုနှလုံးရောဂါဖြစ်သည်ဟုခေါ်သည်။ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိခြင်းနှင့်
ကိုလက်စထရောစားသုံးမှု များပြားခြင်းတို့မှာ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်များဖြစ်သည်။
အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ (သို့မဟုတ်) ယင်းထက်မြင့်မားနေသောအခြေအနေကို သွေးတိုးသည်ဟုခေါ်သည်။
သွေးတိုးခြင်းမှာ စိတ်ဖိစီးခြင်း၊ အဝလွန်ခြင်းမျိုးရိုးနှင့်ဆိုင်သော အချက်များ၊ အစားအစာများတွင်
ဆားအသုံးပြုမှု ပိုများခြင်းနှင့် အသက်အရွယ်ကြီးရင့်ခြင်းတို
့ကဲ့သို့ အကြောင်းရင်းအမျိုးမျိုးကြောင့်သွေးတိုးရောဂါ ခံစားရနိုင်သည်။ သီချင်းကို အသံကျယ်လောင်စွာနားထောင်ခြင်း၊နားကျပ်ကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းတို့ကြောင့်
နားရောဂါဖြစ်နိုင်သည်။
ဆေးလိပ်သောက်သုံးချိန်ကြာမြင့်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါနှင့်
နေရောင်ခြည်နှင့် ထိတွေ့မှုများသောကြောင့် အရေပြားကင်ဆာတို့ကဲ့သို့ လူနေမှုဘဝပုံစံနှင့်ဆက်စပ်ပြီး
ကင်ဆာ ရောဂါများ ဖြစ်လာနိုင်သည်။ ဦးနှောက်သို့ သွေးများပို့ဆောင်သော သွေးကြောများပိတ်ဆို့မှုဖြစ်သောအခါ ဦးနှောက်က အောက်ဆီဂျင်လုံလောက်စွာ
မရသဖြင့် လေဖြတ်နိုင်သည်။
အရက်အလွန်အကျွံသောက်ခြင်း
အသည်းရောင်အသားဝါရောဂါ ပြင်းထန်စွာခံစားရခြင်းတို့ကြောင့်အသည်းအရွက်ရောဂါ (Cirrhosis) ဖြစ်ပေါ်လာသည်။ ထို့ပြင်အန္တရာယ်ရှိသော
နေထိုင်ပုံများကြောင့်ကျောက်ကပ်လုပ်ဆောင်ချက်မူမမှန်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့
ခံစားရနိုင်သည်။
Ref:
7 days daily news journal
No.877 Monday, October 5, 2015
Source: TOI
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
