အမျိုးသားများတွင် ရင်သားကြီးရောဂါ ဖြစ်ရခြင်းအကြောင်းအရင်းမှာ ဟော်မုန်း...
25-Feb-2017
အမျိုးသားများတွင် ရင်သားကြီးရောဂါ (Gynaecomastia) ရောဂါဖြစ်ပွားရခြင်း မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ အသက်အရွယ်အလိုက် ရင်သားကြီးထွားခြင်းမှာ မွေးကင်းအရွယ်တွင် မိခင်မှ အီစထရိုဂျင်ဟော်မုန်းများ စိမ့်ဝင်စီးဆင်းခြင်းကြောင့် လည်းကောင်း၊ ဆယ်ကျော်သက် အရွယ်တွင် ဟော်မုန်းပြောင်းလဲမှု မူမမှန်ခြင်းကြောင့်လည်းကောင်း၊ အသက်ကြီးပိုင်းတွင် ကျားဟော်မုန်း လျော့ကျခြင်းကြောင့် လည်းကောင်း အများဆုံးဖြစ်တတ်သည်ကို တွေ့ရသည်။ ဒါ့အပြင် စတီးရွိုက်ဆေးများ၊ အစာအိမ်နာသက်သာဆေးများ (Cimetidine)၊ အတက်ရောဂါကုဆေးများ၊ နှလုံးရောဂါကုဆေးများနှင့် ကင်ဆာရောဂါကုဆေးများ၊ စိတ်ကျရောဂါကုဆေးများ၊ ပိုးသတ်ဆေးအချို့နှင့် အကိုက်အခဲပျောက်ဆေးများကို ကာလကြာရှည် သောက်သုံးခြင်းကြောင့်လည်း ဖြစ်တတ်သည်ကို တွေ့ရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Ziwaka magazine, April 2016, Pg.88
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
