ခရီးသွားရင် ခရီးမပန်းဘဲ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းများ
25-Feb-2017
၁။ ရေ
ရေဓါတ်ဆုံးရှုံးမှုက မူးဝေအော့အန်ခြင်း၊ ထိုင်းမှိုင်းခြင်းတွေဖြစ်နိုင်တာမို့ အချိန်မရွေးရေသောက်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လေယာဉ်နဲ့ခရီးသွားတဲ့ အခါမျိုးတွေမှာ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ခရီးထွက်တဲ့အခါတိုင်း အိိတ်ဆောင်ရေဗူး တစ်ဗူး သယ်ဆောင်သွားသင့်ပါတယ်။
၂။ Essential Oils
Essential Oils တော်တော်များများမှာ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုုင်တဲ့ အစွမ်းသတ္တိတွေရှိတတ်တဲ့အပြင် ခရီးသွားတဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။
၃။ လက်သန့်စင်ဆေးရည်
ခရီးစဉ်တစ်လျှောက်ကိုင်ခဲ့တဲ့ တံခါးလက်ကိုင်တွေ၊ ငွေထုတ်စက်တွေက မှာ ရောဂါပိုးမွှားတွေရှိနေနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ? ဒီတော့ ရေလည်းမလိုတဲ့ လက်သန့်စင်ဆေးရည်လေးတစ်ဗူးကတော့ ဆောင်ထားသင့်တာပေါ့။
၄။ တစ်ရေးတစ်မော အိပ်စက်ပါ
ခရီးသွားတဲ့အခါ မတူညီတဲ့နေရာဒေသတွေ အများကြီးကိုု သွားရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အခါ အချိန်ကွာဟချက်ရှိတတ်ပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ အချိန်ရသလောက် အိပ်စက်အနားယူပြီး ခရီးသွားသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဖိုးသူတော်
ThitHtooLwin
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
