Print

အရက်၏ ဆိုးကျိုးများ

  24-Jul-2018
Preview Image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၁၄၀ ခန့်သည် အရက်၏ ကျေးကျွန်များ ဖြစ်လျက်ရှိပါသည်။ အရက်စသောက်သည့် အရွယ်ငယ်လေ အရက်၏ ကျေးကျွန်ဖြစ်ရန် များလေဖြစ်ပါသည်။ အရက်ပိုမိုသောက်ဖြစ်ရန်မျိုးရိုးနှင့် ပတ်ဝန်းကျင် အကြောင်းတရားများမှလည်း လွှမ်းမိုးနိုင်ပါသည်။ အရက်ကို အလွန်အကျွံသောက်လျှင် ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ လူမှုရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေပါသည်။

ခန္ဓာကိုယ်ကျန်းမာရေး ဆိုးကျိုးများ

အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါဖြစ်ခြင်း၊သွေးတိုးရောဂါ၊ လေဖြတ်ရောဂါဖြစ်ခြင်း၊ နှလုံးကြီးခြင်းနှင့် နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အစာအိမ် အနာရောဂါဖြစ်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော အားနည်းခြင်း၊ ခံတွင်းနှင့်လည်ချောင်း ကင်ဆာဖြစ်ခြင်း၊ အရက်ဆိပ်တက်ခြင်း၊ ဦးခေါင်းအား ထိခိုက်ဒဏ်ရာရခြင်းအပြင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

စိတ်ကျန်းမာရေး ဆိုးကျိုးများ

စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ မှတ်ဉာဏ် အားနည်းခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ အရက်ကြောင့် စိတ်ရောဂါဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

လူမှုရေးဆိုးကျိုးများ
အိမ်ထောင်ရေးပြဿသနာ၊ လူမှုရေးပြသနာ၊ ငွေရေးကြေးရေးပြသနာများ၊ မကြံရွယ်ဘဲ လိင်ဆက်ဆံမိခြင်း၊ ယာဉ်တိုက်မှုနှင့် လုပ်ငန်းခွင်အန္တရာယ် ပိုများစေခြင်းတို့ကို ဖြစ်စေပါသည်။

ထို့ကြောင့် အရက်မသောက်ဖူးသူများအနေဖြင့် အရက်ကို စမ်းသပ်သောက်ကြည့်ခြင်း မပြုလုပ်ရန် လိုပါသည်။ စသောက်မိပါက စွဲသွားတတ်ပြီး အရက်ဖြတ်ရန် ခက်ခဲနိုင်ပါသည်။ အရက်သောက်တတ်သည့် သူများမှာလည်း အရက်၏ဆိုးကျိုးများ မခံစားရမီ ဆရာဝန်နှင့် ပြသပြီး အရက်ဖြတ်ရန် ကြိုးစားပါ။

Ref:
Hoe Hoe Kyaw

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18