စိတ်ကျခြင်းသည် အိပ်မက်ဆိုးများပိုမက်စေခြင်း
17-Jul-2018
လေ့လာမှုတစ်ရပ်အရ စိတ်ကျခြင်းနှင့် ညအိပ်မပျော်မှုများလာသည့်အခါ အိပ်မက်ဆိုးမက်စေခြင်း ကို ပိုမိုဖြစ်စေနိုင်သည်ဟု သိရသည်။ ထိုသုတေသနကို Finland, University of Turku မှ သုတေသီများမှ ပြုလုပ်ခဲ့ကြသည်။ ထိုသုတေသနအတွက် သုတေသီများသည် အိမ်မက်ဆိုးမက်သည့် အကြိမ်အရေ အတွက်နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဘဝနေထိုင်မှု ပုံစံများကို မေးခွန်းများပြုလုပ်ထားပြီး၂၀၀၇ ခုနှစ်မှ ၂၀၁၂ အထိ စာတမ်းများ ကောက်ယူခဲ့ကြသည်။ ပါဝင်သူများတွင် အသက် ၂၅ နှစ်မှ ၇၄ နှစ်အထိ လူပေါင်း ၁၃၉၂၂ဦး ပါဝင်ဖြေဆိုခဲ့ကြသည်။ သူတို့၏ ကျန်းမာရေးကို ကျန်းမာရေး စောင့် ရှောက်မှုစင်တာတွင် သူနာပြုမှ ပြုလုပ်ပေးပြီး မေးခွန်းများကိုစစ်တမ်းအတွက် မေးခွန်းများကိုမေးခဲ့သည်။
စစ်တမ်းများအရ
ပါဝင်သူ ၂၈.၄ရာခိုင်နှုန်းသည် စိတ်ကျခြင်း ရောဂါ လက္ခဏာများ ရှိနေပြီး
သူတို့သည် အိပ်မက်ဆိုးများကို မကြာခဏမက်လေ့ရှိသည်ကို တွေ့ရသည်။ အိပ်မပျော်သူများ၏ ၁၇.၁
ရာခိုင်နှုန်းသည် အိပ်မက်ဆိုးကို မက်လေ့ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် အိပ်မက်ဆိုးများမက်ခြင်းသည် စိတ်ကျခြင်း၏
အစောဆုံးလက္ခဏာ တစ်ရပ်ဟု သုတေသီများက ဆိုကြသည်။
Ref:
မာဃ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
