ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း
15-Jul-2018
လေ့လာမှုတစ်ရပ်အရ ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းသည် ကလေးငယ်သေဆုံးခြင်း ဖြစ်နိုင်ချေ မြင့်တက်စေကြောင်း သိရှိရသည်။အဝလွန်ခြင်းသည်ဗြိတိန်တွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ အမျိုးသားကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူ ၄ဦးတွင် တစ်ဦးနှုန်းနှင့် အသက် ၁၀အရွယ် ကလေး ၅ဦးတွင် တစ်ဦးနှုန်းသည် အဝလွန်နေကြောင်း သိရသည်။ အဝလွန်ခြင်းသည်နောက်ဆက်တွဲများဖြစ်သည့် ဆီးချိုသွေးချို နှင့် နှလုံးရောဂါတို့ကို ဖြစ်စေနိုင်သည်။
လေ့လာမှုအတွက် ၁၉၉၇ မှ ၂၀၁၀အထိ ကိုယ်ဝန်ဆောင်အဝလွန်သူ အရေအတွက်ကို
စစ်တမ်းများကောက်ယူခဲ့သည်။ ဆွီဒင်နှင့် အမေရိကန်မှ သုတေသီများသည် ကိုယ်ဝန်ဆောင်စဉ်
အဝလွန်ခြင်းနှင့် ကလေးသေဆုံးခြင်း ဆက်စပ်မှုရှိမရှိကို အဖြေထုတ်ခဲ့ကြသည်။ လေ့လာမှု ကာလအတွင်း
ကလေး ၅၄၂၈ဦး သေဆုံးကြောင်းတွေ့ရသည်။ စစ်တမ်းများအရ အဝလွန်မိခင်မှ မွေးဖွားလာသော
ကလေး ၁၀၀၀တွင် ၅.၈ဦးနှုန်း သေဆုံးကြောင်းတွေ့ရသည်။ တွက်ချက်မှုများအရ အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်မှ
မွေးဖွားသော ကလေးငယ်များတွင် သေဆုံးနိုင်ချေ ၁၁ရာခိုင်နှုန်းအထိရှိသည်ဟု သိရှိခဲ့ရသည်။
Ref:
မာဃ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
