နေ့စဉ်ဆေးလိပ် အနည်းငယ်သောက်ခြင်းကြောင့် အဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ နှစ...
25-Feb-2017
အမျိုးသမီးတွေအနေနဲ့ နေ့စဉ်ဆေးလိပ်အနည်းငယ်သောက်ရုံနှင့် လေးဖက်နာ အဆစ်ရောင် ရောဂါဖြစ်နိုင်ချေ နှစ်ဆခန့်မြင့်မားတယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိထားပါတယ်။ တစ်နေ့ကို ဆေးလိပ်တစ်လိပ်မှ ခုနစ်လိပ်အတွင်းသောက်သူတွေဟာ ဆေး လိပ်မသောက်သူတွေထက်အဆစ်ရောင် ရောဂါဖြစ်နိုင်ချေဟာ နှစ်ဆခန့်မြင့်မားပါတယ်။ ၁၅ နှစ်ကြာရင်တောင်မှ ရောဂါဖြစ်နိုင်ခြေဟာ နှစ်ဆခန့် ဆက်လက်မြင့်မားနေတယ်လို့ သိရပါတယ်။
RA လို့ခေါ်တဲ့ လေးဖက်နာအဆစ်ရောင် ရောဂါဟာ မိမိရဲ့ဆဲလ်တွေကို မိမိရဲ့ခုခံအားစနစ်က ပြန်လည်တိုက်ထုတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွင်း မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်ပေါ်လာတဲ့ရောဂါပါ။ အဆစ်အပြင် အဆစ်ပတ်ဝန်းကျင်မှ တစ်သျှူးတွေနဲ့ ခန္ဓာကိုယ်မှ တခြားအင်္ဂါတွေကိုပါ ရောင်ရမ်းစေတတ်ပါတယ်။ အစပတမမှာ လက်နဲ့ခြေထောက်က အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုဖြစ်ပေမယ့် နောက်ပိုင်းမှာ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ အဆစ်တွေကိုပါ နာကျင်မှုဖြစ်စေပါတယ်။
RA ရောဂါရှိတဲ့သူတွေဟာ အဆစ်တွေ တောင့်တင်းနေတတ်ပါတယ်။ အသက် အရွယ်မရွေး ဖြစ်တတ်ပေမယ့့် အသက် ၄၀ ကျော်အရွယ်မှာ ပိုပြီးဖြစ်တတ်ပါတယ်။ မကြာခင်က လေ့လာမှုအရ ဆီးချိုရောဂါရှိတာနဲ့ ဆေးလိပ်သောက်တာတွေဟာ RA ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေတဲ့အချက်တွေလို့ သိရပါတယ်။ နေရောင်ခြည် အထူး သဖြင့် Ultraviolet B နဲ့ ထိတွေ့ပါက RA ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
Latest Health News Update
Health for all magazine, No.251, June 2013
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
