ကြို့ထိုးခြင်း ပျောက်စေရန် အထိရောက်ဆုံး နည်းလမ်း
25-Feb-2017
အစာအိမ်နဲ့အဆုတ်ကြားရှိ ကန့်လန့်ကာကြွက်သားတွေ ကျုံ့သွားတဲ့အခါမှာ ကြို့ထိုးတတ်ပါတယ်။ အဆီများတဲ့အစားအစာ၊ အနှစ်များတဲ့ဟင်း၊ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်နဲ့ အရက်လိုမျိုး အစားအသောက်တွေက လှုံ့ဆော်မှုပေးတာကြောင့် အဲဒီကန့်လန့်ကာ ကြွက်သားတွေ ကျုံ့သွားပြီး ကြို့ထိုးရတာဖြစ်ပါတယ်။ အခန်းအပူချိန် ရုတ်တရက်အပြောင်းအလဲဖြစ်တာ၊ ပူနေတဲ့အစားစာစားပြီး ချက်ချင်းအအေးသောက် မိတာနဲ့ ဆေးလိပ်သောက်တာတွေကြောင့်လည်း ကြို့ထိုးတာဖြစ်အောင် လှုံ့ဆော်နိုင် ပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိတ်လှုပ်ရှားမှု များလွန်းတာကြောင့်လည်း ကြို့ထိုးနိုင်ပါသည်။
ကြို့ထိုးတာက များသောအားဖြင့် မိနစ်အနည်းငယ်သာ ကြာတတ်ပေမယ့် တစ်ခါတလေမှာ ကြာရှည်ကြို့ထိုးနေတတ်ပါတယ်။ ရင်ပူနာ ရှိသူတွေ၊ ရင်ကျပ်ပန်းနာရှိသူ၊ အူမကြီးရောင်ရမ်းတဲ့ ရောဂါရှိသူ ဒါမှမဟုတ် လေဖြတ်လူနာတွေမှာ ကြာရှည်စွာ ကြို့ထိုးနေတတ်ပါတယ်။ မိခင်ဝမ်းကြောတိုက်ထဲရှိနေစဉ် နှစ်လသားအရွယ် သန္ဓေသား ကလည်း ကြို့ထိုးတတ်ပါတယ်။ အာထရာဆောင်းရိုက်ကြည့်ရာမှာ တွေ့ရှိနိုင်ပါတယ်။ သန္ဓေသား ကြို့ထိုးတာက အသက်ရှူနိူင်ဖို့အတွက် ကလေးရဲ့ ကြွက်သားတွေက ပြင်ဆင်နေတာနဲ့ ရေမြွှာရည်တွေက သန္ဓေသားရဲ့ အဆုတ်ထဲကို မဝင်အောင် ကာကွယ်ရန်ဖြစ်ပါတယ်။
(၁) အသက်အောင့်ထားတာ၊
(၂) ရေအေးအေးတစ်ခွက်သောက်တာ၊
(၃) သကြားတစ်ဇွန်းစားတာ၊
(၄) လျှာကိုဆွဲထုတ်တာ၊
(၅) အသက်ရှူအောင့်ထားတာ၊
(၆) ထိတ်လန့်အောင်ပြုလုပ်တာ၊
(၇) စက္ကူအိတ်အတွင်း အသက်ရှူသွင်း ရှူထုတ်ပြုလုပ်တာ၊
(၈) ရှောက်သီးတစ်စိတ် ဝါးစားတာ၊
(၉) သင့်လက်ချောင်းကို ပါးစပ်အတွင်းထည့်တာ။
စသည့် နည်းလမ်းများစွာ ရှိပေမယ့် သင့်နားရွက်ကို ပွတ်တိုက်နေတာက အထိရောက်ဆုံး နည်းလမ်းပါလို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာခင်စိုးမိုး
Good Health Journal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
