သင့်ဦးနှောက်စွမ်းရည်ကို ထိခိုက်စေသော အဓိကအကြောင်းရင်းများ
25-Feb-2017
စိုးရိမ်ကြောင့်ကြမှုတွေ
လူတစ်ယောက် ကြုံတွေ့နေရတဲ့ ဘဝအတွေ့အကြုံတွေထဲမှာ အချိန်တိုင်းမဟုတ်ဘဲ တစ်နေ့ကို အချိန်အနည်းငယ်လောက် စိုးရိမ်ကြောင့်ကြမှုတွေကို ကြုံတွေ့ရမယ်ဆို ရင်တော့ ကြာလာရင် သင့်ဦးနှောက်ကို ထိခိုက်လာနိုင်ပါတယ်။ အမြဲတမ်း စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေရတဲ့သူတစ်ယောက်ဟာ သူ့ရဲ့ပင်ကိုယ် ပုံစံကိုက လန်းဆန်းတက်ကြွမှု မရှိတော့ဘဲ စိတ်ဖိစီးမှုများနေတဲ့ ပုံစံမျိုးသာ မြင်တွေ့နေရတော့မှာ ဖြစ်ပါတယ်။ စိတ်အာရုံကို စုစည်းဖို့ခက်ခဲနေတတ်ပြီး စကားပြောရင်တောင် သူပြောတဲ့စကားက ဟိုရောက်၊ ဒီရောက် ဖြစ်နေနိုင်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိပါတယ်။
အဆိုးဘက်ကိုမြင်နေတာ
စိုးရိမ်ကြောင့်ကြမှုတွေ များတဲ့သူတစ်ယောက်ဟာ ကြာလာတဲ့အခါမှာ အကောင်းမြင်စိတ်တွေ နည်းလာတတ်ပါတယ်။ အကြောင်းအရာတစ်ခုခုကို ပြောလိုက်တိုင်း စိတ် တိုင်းမကျဘဲ အမြဲလိုလိုစိတ်တို၊ ဒေါသထွက်လွယ် နေတတ်ပါတယ်။ စိုးရိမ်ကြောင့်ကြ မှုတွေနဲ့ပဲ နေထိုင်ရတာ ကြာလာတဲ့အတွက် အကြောင်းအရာတစ်ခုကို အကောင်းဘက် က စဉ်းစားဖို့ဦးနှောက်က ချက်ချင်း အချက်မပြတော့ပါဘူး။ နောက်ထပ်စိတ်ညစ် စရာတွေပဲ ထပ်ဖြစ်လာဦးမလားဆိုတဲ့ အတွေးနဲ့ စိတ်ဖိစီးမှုတွေသာ ထပ်ဖြစ်နေပြီး အကောင်းမြင် စိတ် နည်းနေတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများသူတွေအနေဲ့ အကောင်းမြင်စိတ်ကို များများမွေးဖို့ လေ့ကျင့်ယူရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
လမင်းလေး
General Health Jarnal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
