မန်းမှုတ်ခြင်းနှင့် ရောဂါတချို့
25-Feb-2017
ရောဂါတချို့ကို ပျောက်ကင်းစေရန် (သို့) ကာကွယ်ရန်အတွက် မန်းမှုတ်ခြင်း ပြုဆောင်လေ့ရှိကြသည်။ မန်းမှုတ်ခြင်းသည် မိမိတို့၏ ယုံကြည်မှုအရ လုပ်ဆောင်ခြင်းဖြစ်သဖြင့် ဘာမှမပြောလိုပါ။ သို့သော် တစ်ဖက်က မန်းမှုတ်ခြင်းသကဲ့သို့ အခြားတစ်ဖက်ကလည်း ဆေးကုသမှု ပြုကြရန် တိုက်တွန်းလိုပါသည်။ရောဂါပျောက်ကင်းရန် မန်းမှုတ်မှုတွင် ဥပမာတစ်ခု တင်ပြရပါလျှင် ခွေးကိုက်ခံရခြင်းဖြစ်သည်။ ခွေးကိုက်ခံရလျှင် အနာမရင်းရန် ခွေးရူးပြန်ရောဂါ ကာကွယ်ရန် မန်းမှုတ်လေ့ရှိသည်။ ကျွန်တော့်အနေဖြင့် ခွေးကိုက်ခံရလျှင် မန်းလိုက မန်းမှုတ်ပါ။
တစ်ဖက်ကလည်း မေးခိုင်ကာကွယ်ဆေး၊ လိုအပ်ပါက ခွေးရူးပြန်ကာကွယ် ဆေးများ ထိုးသင့်ကြောင်းပြောလိုသည်။ ခွေးရူးရောဂါသည် မဖြစ်မီက ကြိုတင်ကာကွယ်ရန် အရေးကြီးဆုံးဖြစ်၏။ ရောဂါဖြစ်ပြီးပြီဆိုပါလျှင် ကုသရန် မလွယ်ကူတတ်တော့ပါ။ ရောဂါပျောက်ရန် မန်းမှုတ်မှုများလည်းရှိသည်။ ္ခမှတ်ခရုပေါက်လျှင်၊ ရေယုန်ပေါက်လျှင် မန်းမှုတ်မှုတတ်ကြပါသည်။ ဤရောဂါများမှာ သာမန်အားဖြင့် ပြင်းထန်မှုမရှိသော်လည်း ဆရာဝန်များနှင့် ပြသ၍ ကုသရန်တော့ လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရောဂါများပျောက်ကင်းရန် (သို့) ကာကွယ်ရန်အတွက် မန်းလိုကမန်းပါ။ သို့သော် တစ်ဖက်ကလည်း လိုအပ်သော ကုသမှုလုပ်ကြပါဟု အကြံပေးပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သောအယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ
စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

