Polymyalgia Rheumatica( ကြွက်သားရောင် လေးဘက်နာ)
25-Feb-2017
ကြွက်သားရောင်လေးဘက်နာဆိုသည်မှာ ပခုံး၊ လည်ပင်း၊ ပေါင်ရှိကြွက်သား တို့ တောင့်တင်းနာကျင်နေခြင်းကို ဆိုလိုပါသည်။အထူးသဖြင့် မနက်စောစော တွင် ပို၍ခံစားရလေ့ရှိပြီး နာကျင်ခြင်းသည် ၄၅မိနစ်ခန့် ကြာမြင့်နိုင်ပါသည်။
လက္ခဏာများ
- အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း
- မောပန်းချည့်နဲ့ခြင်း
- အစားသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- စိတ်ဓာတ်ကျခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကိုမူ အတိအကျမသိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုအချက်တို့ကြောင့် ဖြစ်ပေါ်လာရပါသည်။ အသက် ရဝကျော်လူကြီးများတွင် ပို၍ခံစားရလေ့ရှိပြီး အသက်၅ဝအောက်တွင် အဖြစ်နည်းသည်ကိုတွေ့ရပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်လျှင်၊
- အစာစားလျှင် မေးရိုးကြွက်သားများ နာကျင်မှုပို၍ဆိုးလာလျှင်၊
- အစားဝါးချိန်တွင် လျှာအလွန်နာသည်ဟုခံစားရလျှင်၊
- အမြင်နှစ်ထပ်ဖြစ်၊သို့ အမြင်ဝေဝါးလာလျှင် ဆရာဝန်ထံသို့ ချက်ချင်းသွားရောက်ပြသသင့်ပါသည်။
ရောဂါ ရှာဖွေခြင်း
ကြွက်သားယောင်လေးဘက်နာအတွက် တိကျသေချာသော စစ်ဆေးချက်မရှိပါ။ အခြား အဆစ်ယောင်၊ အဆစ်နာကျင်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို ဆန်းစစ်ဖယ်ထုတ်ရပါမည်။ ဥပမာ- သွေးလေးဘက်နာရောဂါအတွက် rheumatoid factor , anti-CCP Ab ရှာဖွေခြင်း၊ အခြား သွေးစစ်၊ဆီးစစ် ခြင်းတို့ပြုလုပ်နိုင်ပါသည်။ သွေးစစ်ခြင်း ESR , CRP စစ်ဆေးခြင်းတွင် နှစ်ခုလုံး negative ပုံမှန်အတွင်းဖြစ်နေပါက ကြွက်သားယောင်ရောဂါမရှိဟု သတ်မှတ်နိုင်ပါသည်။အကယ်၍တစ်ခုခု positive ဖြစ်ခဲ့ပါက အခြားနာမကျန်းဖြစ်စေမည့် ရောဂါရှာဖွေပြီးမရှိမှသာ ကြွက်သားယောင်လေးဘက်နာဟု သတ်မှတ်ရပါမည်၊ အဘယ်ကြောင့်ဆိုသော် အခြားမည်သည့်ရောဂါတွင်မဆို ESR, သို့ CRP တတ်နေနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ အရိုးအဆစ်များလည်း နာကျင်သည့်အတွက် အရိုးဓာတ်မှန်ရိုက်ခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
စတီးရွိုက် steroid ဆေးပေး၍ကုသခြင်း၊ ဆေးစသောက်ချိန်တွင် ဆေးပမာဏများများပေး၍ ကုသပြီး တဖြည်းဖြည်း လျော့သွားရပါမည်။ ၂နှစ်အထိ သောက်သုံးရပါမည်။ ဆေးသောက်ပြီးသက်သာသွားသော်လည်း နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ချေ ရှိသောရောဂါဖြစ်ပါသည်။
အရေးကြီးသည်မှာ စတီးရွိုက်ဆေးများကို မိမိစိတ်သဘောအတိုင်းသောက်သုံးခြင်း၊ မိမိသဘောဖြင့် ဆေးရပ်ခြင်း မပြုလုပ်သင့်ပါ။ ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ မိမိသဘောအတိုင်း ရုတ်တရက်ဆေးရပ်လိုက်ပါက ပို၍ဆိုးသည့် ရောဂါများကိုခံစားရနိုင်ပါသည်။
Dr.hp(Healthcare.com.mm)
Ref; NHSchoices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
