သင်ဘာကြောင့် နွေရာသီမှာ ခဏခဏ နှာချေနေရတာလဲ?
24-Feb-2017
ကျွန်ုပ်တို့အများစုဟာ နွေရာသီမှာဖြစ်စေ အခြား ရာသီဥတုမှာ ဖြစ်စေ နေပူထဲထွက်လိုက်မိတဲ့အခါ နှာချေတတ်တာဟာ ထိပ်ကပ်နာ ရောဂါလို့လည်း ပြောနိုင်ပေမယ့် နေရောင်ခြည် အလင်းရောင် ကိုလည်း အပြစ်တင်လို့ရနိုင်ပါတယ်။ လူ၄ယောက်မှာ ၁ ယောက်ခန့်ဟာ PhoticSneezing လို့ခေါ်တဲ့အလင်းရောင်ကြောင့် နှာခေါင်းယားတဲ့ ရောဂါတစ်မျိုးကိုခံစားနေကြရပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Jason Goldman ကတော့ ဒီရောဂါ ဖြစ်ပွားရခြင်းဟာ မျိုးရိုးဗီဇ နဲ့ သက်ဆိုင်နေပြီး ဝက်ရူးပြန်ရောဂါ ကဲ့သို့သော အလင်းရောင်ကိုမခံနိုင်တဲ့အကျင့်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။ လော့အိန်ဂျလိစ်မှာ အခြေချနေထိုင်နေသူ ဆေးပညာ ကျွမ်းကျင်သူတစ်ဦးက အဲဒီလိုတုံ့ပြန်မှုမျိုးဟာ Achoo လို့ အမည်ရတယ်လို့ BBC Future အစီအစဉ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ထိုရောဂါနဲ့ ပတ်သက်ပြီး ပထမဆုံးကြားသိခဲ့ရတာကတော့ အရစ္စတိုတယ်လ် ရဲ့ Book of Problems ဆိုတဲ့ ဘီစီ၃ရာစုခန့်က စာအုပ်ထဲမှာပြဲဖစ်ပါတယ်။
ထိုရောဂါအတွက် မျိုးရိုးဗီဇ ဆိုင်ရာ ပညာရှင်တွေဟာ လူ အယောက် ၁၀၀၀၀ ခန့်ရဲ့ မျိုးရိုး ပုံစံ တွေကို လေ့လာခဲ့ကြတဲ့အခါမှာ ဒီရောဂါဟာ ဝက်ရူးပြန်ရောဂါလိုမျိုး အလင်းရောင်မခံနိုင်တဲ့ အမူအကျင့် ရဲ့ မျိုးရိုးလိုက်ခြင်းနဲ့ ဆက်စပ်နေတာကိုတွေ့ခဲ့ရပါတယ်။တစ်နှစ်ထဲမှာပဲ ဆွစ်ဇာလန်နိုင်ငံ ၊ ဇူးရစ် တက္ကသိုလ်က အာရုံကြောဗေဒ ဆိုင်ရာ ပညာရှင် NicholasLangerကလည်းလူတွေရဲ့ဦးနှောက်လှုပ်ရှားမှုတွေကို လေ့လာခဲ့တဲ့အခါမှာတော့ဒါဟာPhoticSneezingလို့ ခေါ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်မယ်လို့ဆိုထားပါတယ်။အစာစားပြီး နှာချေတတ်တဲ့ ရောဂါကတော့ အစပ်များ စားပြီးတဲ့အချိန်နဲ့အစာအိမ် ပြည့်တင်းသွားတဲ့အချိန်တွေမှာ ဖြစ်ပေါ်တတ်ပြီး အချို့လူတွေကတော့ လိင်ဆက်ဆံဖို့ တွေးလိုက်တဲ့အချိန်မျိုးတွေ နဲ့ လိင်ဆက်ဆံခြင်း ပြီးမြောက်သွားတဲ့အချိန်တွေမှာ နှာချေတတ်တယ်လို့ သိရပါတယ်။
Ref:
Mario
သစ်ထူးလွင်(ကျန်းမာရေး)
Saturday, June 27, 2015
Source: Dailymail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
