စတီရွိုက်ထိုးဆေးတွေက ခါးအောက်ပိုင်းနာကျင်မှုကို မသက်သာစေနိုင်
29-Oct-2016
သုတေသနလေ့လာမှု အများအပြားက ခေတ်စားနေတဲ့ စတီရွိုက်ထိုးဆေးဟာ နာကျင်မှုကို ခဏတာသက်သာစေရုံကလွဲပြီး ကြာရှည်မခံတဲ့အပြင် ဝေဒနာကိုမပျောက်ကင်းစေနိုင်ဘူးဆိုတာ တွေ ့ရှိခဲ့ရပါတယ်။ ခါးအောက်ပိုင်းစတီရွိုက်ထိုးဆေးဟာ ခါးနာကျင်မှုကို ခေတ္တသာ သက်သာစေနိုင်ပေမယ့် ကြာရှည်မှာတော့ ထိရောက်မှုမရှိတာ များကြောင်း တွေ ့ရှိခဲ့ရပါတယ်။ Herniated discs ခေါ်ခါးရိုးအဆစ်ကြားက အရိုးနုပြားလေးတွေ ထိခိုက်မိတဲ့ အဖြစ်မျိုးမှာ စတီရွိုက်ထိုးဆေးအာနိသင်ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားပြီး ခါးရိုးကျဉ်းတဲ့လူနာ (spinal stenosis patients) တွေကတော့ ထိုးဆေး လုံးဝထိရောက်မှုမရှိကြောင်း လေ့လာတွေ ့ရှိခဲ့ရပါတယ်။
ခါးနာကျင်ကိုက်ခဲမှု တော်တော်များများဟာ ကုသမှု ၊ ဆေးထိုးဆေးသောက်မလိုဘဲ အချိန်ကြာလာတာနဲ့အမျှ အလိုလို သက်သာစေနိုင်တယ်လို ့ဆိုပါတယ်။ တစ်ချို ့အခြေအနေတွေမှာ ခွဲစိတ်ကုသမှုခံယူခြင်းက အကောင်းဆုံးဖြစ်ပြီး နာကျင်မှုကို ဖုံးအုပ်ပေးထားရုံသာ တတ်နိုင်တဲ့ ထိုးဆေးတွေထက်စာရင် ဒီနည်းလမ်းကပဲ ရောဂါကို တကယ်သက်သာပျောက်ကင်းစေနိုင်တယ်လို ့ဆိုပါတယ်။ “ဒီထိုးဆေးတွေဟာ ကျွန်တော်တို့ထင်ထားသလောက် ထိရောက်မှု မရှိနိုင်ပါဘူး။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ၊ အကျိုးရလဒ်တွေနဲ ့ တခြားရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးပြီးမှ ဆေးထိုးဖို ့ဆုံးဖြတ်ချက်ချသင့်ပါတယ်။ခွဲစိတ်ကုသမှု၊ သောက်ဆေးနဲ ့ဆေးထိုးဆေးသောက်ဖို ့မလိုတဲ့ လေ့ကျင့်ခန်း ကုထုံးလိုမျိုး ရွေးချယ်စရာတွေရှိပါတယ်” လို ့Oregon ကျန်းမာရေးနှင့်သိပ္ပံတက္ကသိုလ်က ဆေးဖက်ဆိုင်ရာပါမောက္ခ Dr.Roger Chouက ပြောကြားခဲ့ပါတယ်။ လူနာအများအပြားဟာခွဲစိတ်ဖို ့ကြောက်ရွံ ့ တာကြောင့် ထိုးဆေးကိုပဲ ပိုကြိုက်လေ့ရှိပေမယ့် ဆရာဝန်တွေဟာ ရွေးချယ် နိုင်တဲ့အကောင်းဆုံးကုသမှုနည်းလမ်းတွေကို သေချာရှင်းပြဖို ့လိုပြီး လူနာတွေ အချိန်နဲ ့ပိုက်ဆံ အလဟသ မဖြစ်ရာရောက်အောင် ကူညီသင့်တယ်လို ့ဆိုပါတယ်။
Ref: Ye Wint သစ်ထူးလွင်(ကျန်းမာရေး) As in: Upi Friday, August 28, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
