မကြာခဏ ရင်ပူတတ်သူတို့ သိထားသင့်သော နေထိုင်စားသောက်မှုပုံစံ
25-Feb-2017
ရင်ပူတဲ့ဝေဒနာကို မကြာခဏ ခံစားရတတ်သူတွေ အနေနဲ့ နောက်တစ်ကြိမ် ရင်ပူဝေဒနာ မရရှိစေဖို့ အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။ အစာကို နည်းနည်းချင်း စားပေးရပါမယ်။ ညစာကို နောက်ကျမှ၊ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ ကပ်ပြီးစားတာမျိုး ရှောင်ပါ။ အစာစားပြီး ချက်ချင်း လဲလျောင်းတာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစားကို တင်းကျပ်နေအောင် မဝတ်ပါနဲ့။ အထူးသဖြင့် အမျိုးသမီးတွေအဖို့ အတွင်းခံဘော်လီကို တင်းကျပ်နေအောင် မဝတ်သင့်ပါ။
ရင်ပူစေတဲ့ အစားအသောက်တွေက ယေဘုယျအားဖြင့် ဆီများတဲ့ အစာ၊ ဆီကြော်စာ၊ ဟင်းခတ်အမွှေးအကြိုင် ကဲတဲ့အစာ၊ ပူစပ်တဲ့အစာ၊ ချောကလက်၊ အရက်၊ ကော်ဖီ၊ အမြှုပ်ထတဲ့ အချိုရည်တွေ ဖြစ်ကြပါတယ်။ ဒီအစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားသောက်ပါ။ သင့်ကို ရင်ပူစေတဲ့ သီးသန့် အစားအသောက်တွေ ရှိရင်လည်း မှတ်ထားပြီး ရှောင်သင့်ပါတယ်။ သင်က အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုများနေရင် ကိုယ်အလေးချိန်ကို လျှော့ချပါ။ အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာကြောင့် ရင်ပူဝေဒနာကို ပိုဆိုးစေနိုင်လို့ပါ။ အိပ်ရာက နိုးတဲ့အချိန် ရင်ပူတာမျိုး မဖြစ်စေဖို့ ခုတင်ခေါင်းရင်းကို အနည်းဆုံး ခြောက်လက်မခန့် မြှင့်ထားပေးသင့်ပါတယ်။
Healthcare.com.mm
Ref:
ကြယ်စင်
By Good Health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

