အသားရှောင်ပြီး ငါးနှင့်ဟင်းသီးဟင်းရွက်စားခြင်းဖြင့် အူမကြီးကင်ဆာကို ထက...
23-May-2017
အသားမစားဘဲ ငါးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော အစားအစာတို့ကို စားသူတို့သည် အူမကြီးကင်ဆာဖြစ်နှုန်းကို ၄၃ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာမှုအရ သိရသည်။ သက်သတ်လွတ် စားသူတို့သည် အသားစားသူတို့ထက် ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း၊ အူမကြီးကင်ဆာ ဖြစ်စေနိုင်သည့် အဓိကအချက်များမှာ အရက်အလွန်အမင်းသောက်ခြင်း၊ အနီရောင် (သို့) ပြုပြင်ထားသော အသားများများ စားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်အလေးချိန်များခြင်း၊ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်အဆီများခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
သက်သတ်လွတ်စားသူတို့သည် ယေဘုယအားဖြင့် ကျန်းမာရေးနှင့်ပိုမိုညီညွတ်သော အစာတို့ကို စားဖြစ်သည့်အတွက် အဝလွန်နိုင်ခြေ လျော့ကျရခြင်းဖြစ်ကြောင့် လေ့လာသူတို့က ဆိုသည်။ တစ်ကမ္ဘာလုံးက ကိုးရီးယားလူမျိုးတို့သည် အူမကြီးကင်ဆာ အဖြစ်အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကင်လေ့လာမှု ရန်ပုံငွေအဖွဲ့အရ သိရသည်။ အူမကြီးနှင့် အစာဟောင်းကင်ဆာသည် ကမ္ဘာပေါ်တွင် တတိယအများဆုံးကင်ဆာဖြစ်ပြီး ၂၀၁၂ တွင် အူမကြီးကင်ဆာဖြစ်သူ လူနာအသစ်ဦးရေသည် ၁ ဒသမ ၄ သန်းနီးပါးရှိကြောင်း သိရသည်။
ယခုလေ့လာမှုအသစ်အရ သက်သတ်လွတ်အစာစားခြင်းသည် အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျမှုနှင့် ဆက်စပ်နေကြောင်း အမေရိကန်လေ့လာသူတွေက ဆိုသည်။ ဝမ်းဗိုက်တစ်ဝိုက် အဆီများခြင်းသည် အူမကြီးကင်ဆာဖြစ်နှုန်း မြင့်မားခြင်းနှင့် ဆက်စပ်နေကြောင်း၊ သို့ဖြစ်ရာ သက်သတ်လွတ်စားသူတို့သည် အဝလွန်နှုန်းလျော့ကျမှုရှိသဖြင့် အူမကြီးကင်ဆာ ဖြစ်နှုန်းနည်းရခြင်းဖြစ်ကြောင်း လေ့လာသူတို့က သုံးသပ်ထားသည်။ အမေရိကန်လူမျိုး ၇၇၆၅၉ ဦးရေ လေ့လာမှုအရ သက်သတ်လွတ်စားသူတို့သည် အူမကြီးကင်ဆာဖြစ်နှုန်း ၁၉ ရာခိုင်နှုန်းနှင့် အစာဟောင်းအိမ်ကင်ဆာဖြစ်နှုန်း ၂၉ ရာခိုင်နှုန်း လျော့ကျမှုှရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
Credit:
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
