Print

ယူရစ်အက်ဆစ်များနေသူများ၊ အစားအသောက်ဖြင့် လျော့စေနိုင်သောအချက်များ

  25-Feb-2017
Preview Image

ခန္ဓာကိုယ်အတွင်း ယူရစ်အက်ဆစ်များနေသူများတွင် Gout ဆိုသည့် အဆစ်အမျက် နာကျင်မှုဝေဒနာ ခံစားရတတ်သည်ကို သိရှိသူများ ရှိနေပြီဟု ယူဆပါသည်။ ကျောက်ကပ် တွင် ကျောက်တည်ခြင်းလည်း ဖြစ်နိုင်ပါသည်။ အစားအသောက် အလေ့အထ ပြု ပြင်ရာမှ Uric acid လျော့ကျနိုင်သည့် သတင်းအချက်များကို မျှဝေလိုပါသည်။

 

၁။ အမျှင်များသော အစာစားသုံးခြင်း

အစားအစာမှ အမျှင်များက သွေးတွင်းမှ ယူရစ်အက်ဆစ်ကို စုပ်ယူ၍ ကျောက်ကပ် မှတစ်ဆင့် ဖယ်ရှားပေးနိုင်သည်ကို တွေ့ရှိရသည်။

 

၂။ သံလွင်ဆီစားသုံးခြင်း

သံလွင်ဆီက ယူရစ်အက်ဆစ် ထုတ်လုပ်မှုကို လျော့စေသည်။

 

၃။ ဗိုက်တာမင် C ကို စားသုံးခြင်း

တစ်နေ့လျှင် ဗီတာမင်စီ ၅၀၀ မီလီဂရမ် ပုံမှန်စားသုံးခြင်းဖြင့် တစ်လ၊ နှစ်လအတွင်း ယူရစ်အက်ဆစ် ပမာဏကို လျော့စေနိုင်သည်။

 

၄။ မုန့်ဖုတ်သော အစာများရှောင်ခြင်း

မုန့်ဖုတ်သော ကိတ်မုန့်၊ ကွက်ကီးမုန့်၊ ပျော်ဝင်ဆီပါသော မုန့်များကို မစားပါနှင့်။

 

၅။ တရုတ်နံနံစေ့

နံနံစေ့တွင် စိတ်ငြိမ်စေသော အာနိသင်၊ ဓာတ်တိုးပစ္စည်းများ ချေဖျက်နိုင်သော သဘာဝသတ္တိနှင့် ဆီးသွားစေသော အာနိသင်ရှိ၍ သွေးတွင်းယူရစ်အက်ဆစ် လျော့နိုင် သည်။

 

၆။ ဓာတ်တိုးပစ္စည်းများ

ချေဖျက်နိုင်သည့် အစွမ်းသတ္တိပါသော သစ်သီး၊ ပန်းငရုတ်၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီးများ၊ ဂေါ်ဖီထုပ်အစိမ်း၊စပျစ်သီးများကိုစားသုံးခြင်းဖြင့်ယူရစ်အက်စစ် လျော့စေနိုင်သည်။

 

၇။ ချယ်ရီသီးများ 

ချယ်ရီသီးများတွင် ပါဝင်သော ဓာတုပစ္စည်းက သင်၏ခန္ဓာကိုယ်မှ အညစ် အကြေးများကို ဖယ်ရှားခြင်းကြောင့် ယူရစ်အက်ဆစ်လျော့စေပါသည်။ 

 

၈။ ပန်းသီးရှာလကာရည်

ခန္ဓာကိုယ်တွင်း pH တန်ဖိုးပြောင်းလဲမှုကြောင့် ယူရစ်အက်ဆစ်လျော့စေနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်
Health for all magazine, No.110, March 2016, Pg. 83



Related Articles


Advertisment 18